ylliX - Online Advertising Network

ပိတ်ထားတဲ့ တရုတ်မြန်မာနယ်စပ်ဂိတ်အချို့မှာ ကုန်ပစ္စည်းအချို့ ကူးသန်းမှုစတင်လာပါတယ်။ – Voice of Revolution Live News

တိုင်းရင်းသား တော်လှန်ရေးတပ်မတော်များက သိမ်းပိုက်နိုင်ခဲ့လို့ နယ်စပ်ဂိတ်တွေကို ပိတ်ချလိုက်တဲ့တရုတ်ဟာ ခုတော့ ကုန်ပစ္စည်းအချို့ကို ပြန်လည်ဖြတ်သန်းခွင့်ပြုနေပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တရုတ်မြန်မာဂိတ်ပေါက် ကျင်စန်းကျော့ကို တရုတ်ကဖွင့်ပြီး ကုန်ပစ္စည်းအချို့ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ အစေ့ထုတ်ပြောင်း၊ ကြံ စတဲ့ ရာသီပေါ်သီးနှံတွေကို တင်ပို့ဖို့ တရုတ်က မနေ့ကစတင် ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ မူဆယ် ကုန်သွယ်ရေးဇုန်အနီးက ဒေသခံတွေက ပြောပါတယ်။ ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကာလကတည်းက မြောက်ပိုင်းတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ရှစ်မိုင်ခန့်သာ ကွာဝေးပါတယ်။ ခုတော့ ပြောင်းနဲ့ကြံကိုပဲ အကန့်အသတ်နဲ့ တင်ပို့ခွင့်ရနေတယ်လို့သိရကာ မနေ့ကတော့ ပြောင်းကား ၁၀ စီးလောက် ဝင်ခွင့်ရသွားတယ်လို့ဆိုပါတယ်။ ဒါက မြန်မာဘက်ကနေ ပြောင်းနဲ့ကြံ ကုန်အမျိုးအစားတွေ တရုတ်ဘက်ဝင်ခွင့်ရခဲ့တာဖြစ်ပြီး မြန်မာဘက်ကိုတော့ […]