မိုးမခ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေနဲ့ တရားဝင်မှု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ အဲဒီအချိန်က ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး အစိုးရဖွဲ့ဖို့ ရက်ပိုင်းအလိုမှာ NLD ပါတီရဲ့ မဲစာရင်း မှားယွင်းမှုအချို့ ရှိခြင်းကို မဲမသမာမှု အဖြစ်စွပ်စွဲပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစဥ်ကတည်းက ရွေးကောက်ပွဲပြန်လည် ကျင်းပမယ်လို့ ယေဘုယျအားဖြင့် ဆိုခဲ့ပေမယ့် အခုလို ၃ နှစ်ခွဲကျော်လာတဲ့အထိ ရွေးကောက်ပွဲရက်သတ်မှတ်နိုင်ခြင်း မရှိတာကို ကြည့်ရင် အာဏာသိမ်း စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် မကျင်းပလိုတဲ့ သဘောထားက သိသာထင်ရှားပါတယ်။ အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်အတွင်းမှာ NLD ပါတီ သေသွားတဲ့ […]
ကြံ့ဖွတ်အမတ်လောင်းပြုတ် တင်ထွန်းဦးနှင့် ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား အေးချမ်းတို့ ဦး ဆောင်သော စစ်တပ် လက်အောက်ခံ သတင်းမီဒီယာကောင်စီ တရားဝင်မှု မရှိဟု IPCM နှင့် IMJA တို့က ပြင်းထန်စွာကန့်ကွက် ရန်ကုန်| နိုဝင်ဘာ ၂၂ ကြံ့ဖွတ်အမတ်လောင်းပြုတ် တင်ထွန်းဦးနှင့် ဝန်ကြီးဟောင်းနှင့်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏ သား အေးချမ်းတို့ ဦးဆောင်သော စစ်ကောင်စီ လက် အောက်ခံ သတင်းမီဒီယာကောင်စီက မြန်မာသတင်းသမားများကို ကိုယ်စားမပြုဘဲ စစ်တပ်ဝါဒဖြန့်ယန္တရားဖြစ်၍ ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းလိုက်သော သတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင် ၂၅ ဦး ပါဝင်ပြီး ဥက္ကဋ္ဌ အဖြစ် ကြံ့ဖွတ်ပါတီ၏ […]