ylliX - Online Advertising Network

တရုတ်နိုင်ငံ၏ မှတ်ပုံတင်ထားသော အရပ်ဘက်သုံး UAV အရေအတွက် မြင့်တက်လာ

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ မှတ်ပုံတင်ထားသော အရပ်ဘက်သုံး မောင်းသူမဲ့လေယာဉ် (UAVs) အရေအတွက်မှာ ၁.၇ သန်းအထိ မြင့်တက်လာခဲ့ကြောင်း Low-Altitude Industry Alliance (LAIA) က ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသော နှစ်ပတ်လည်လုပ်ငန်းကွန်ဖရင့်၌ ပြောကြားခဲ့သည်။ အဆိုပါ ဒရုန်းများသည် ၂၀၂၄ ခုနှစ် ပထမ ၈ လတာကာလအတွင်း နာရီပေါင်း ၁၉.၄၆ သန်းကျော် ပျံသန်းခဲ့ကြပြီး ယမန်နှစ် ကာလတူထက် ၁၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အကျိုးအမြတ်မယူသောအဖွဲ့အစည်း LAIA ထံမှ သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z5v……………………………………..(English Version)China’s registered civil […]

NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG နဲ့ တရုတ်ဆွေးနွေး AA ပါဝင်။ စစ်ကောင်စီကို တရားဝင်အစိုးရမဟုတ်ဟု သတ်မှတ်ပြီ။ အစိုးရ အစစ်အမှန်ကို တရုတ် တရားဝင် ချပြပြီ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် […]

တရုတ်-အာဆီယံ ပူးပေါင်းမှု မလေးရှား မြှင့်တင်မည်

ဝန်ကြီးချုပ် Ibrahim က မလေးရှားအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရ ချိန်မှာ ဒေသတွင်း စည်းလုံးညီညွတ်မှု ပိုမို ထိရောက် ခိုင်မာရေးကို သူ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ဘေဂျင်းမှာ တရုတ်ဗဟိုရုပ်သံ (CCTV) နဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ အာဆီယံအဖွဲ့ အနေနဲ့ နိုင်ငံတွေကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံရေး တည်ငြိမ်စေဖို့ အပါအဝင် မရေမရာ ဖြစ်နေတဲ့ စိန်ခေါ်မှုကြီးမားတဲ့ ကိစ္စရပ်မျိုး တွေကိုပါ ရင်ဆိုင်ဖြေရှင်းဖို့ ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အောက်တိုဘာလ တုန်းက လာအိုမှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် တရုတ်- အာဆီယံ ထိပ်သီး အစည်းဝေးမှာ တရုတ်- အာဆီယံကြား လွတ်လပ်တဲ့ […]

သန့်ရှင်းသောသောက်သုံးရေရရှိရေး သရုပ်ပြစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနား မြန်မာနိုင်ငံ နေပြည်တော်တွင် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး သရုပ်ပြစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ (Xinhua) Source link

ယန်ဇီမြစ်က ကုန်စည်လက်ခံဆောင်ရွက်မှုပမာဏ ပထမဆုံးအကြိမ် တန်ချိန် ၄ ဘီလီယံကျော်ရှိလာ

တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့် ကမ္ဘာ့တတိယမြောက် အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်၏ မြစ်မကြီးတစ်လျှောက်ရှိ ဆိပ်ကမ်းများက တရုတ်နိုင်ငံ စီးပွားရေးကြံ့ကြံ့ခံနိုင်မှု အခြေအနေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကုန်စည်တန်ချိန် ၄.၀၂ ဘီလီယံအထိ စံချိန်တင်လက်ခံဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။ ယင်းပမာဏမှာ ရံဖန်ရံခါ တရုတ်နိုင်ငံ၏ “ရွှေရောင် သင်္ဘောတင်ပို့မှုလမ်းကြောင်း” ဟု ခေါ်ဝေါ်ကြသည့် အရှေ့-အနောက် ကုန်းတွင်းရေလမ်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စုပေါင်းကုန်စည်လက်ခံဆောင်ရွက်မှု တန်ချိန် ၄ ဘီလီယံ ကျော်လွန်လာခြင်းလည်း ဖြစ်သည်။ယခုအခါ ယန်ဇီမြစ်တွင် အဓိကဆိပ်ကမ်း ၁၆ ခုရှိလာပြီဖြစ်ကာ နှစ်စဉ် ကုန်စည်လက်ခံဆောင်ရွက်နိုင်မှုပမာဏ တန်ချိန် သန်း ၁၀၀ ကျော် အသီးသီးရှိကြောင်း သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZY8 ………………………..(English Version)Yangtze River cargo throughput to […]

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

– တရုတ်နိုင်ငံက သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေး၊ အရေးပေါ်စီမံခန့်ခွဲရေးအတွက် ငွေကြေးပံ့ပိုးကူညီမှု အရှိန်မြှင့်ဆောင်ရွက် – ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် အာဆီယံက သက်မွေးဝမ်းကျောင်းပညာရေး မြှင့်တင်ပေး – ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်နုတ်ထွက်ခြင်းက “ကြီးမားသော ကပ်ဘေး” ဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်ပြော – ဆော်ဒီ ကိုယ်စားလှယ်အဖွဲ့နှင့် လက်ရှိ ဆီးရီးယားခေါင်းဆောင်သစ် ဒမတ်စကပ်စ်တွင် တွေ့ဆုံ – ပူတင်နှင့် ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ – အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ကြောင်းနှင့် စစ်လေယာဉ်အား ပစ်ချခဲ့ကြောင်း ယီမင် ဟူသီအဖွဲ့ပြော – ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် လေယာဉ်ငယ်ပျက်မှုကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ခရစ္စမတ်ပွဲတော် အငွေ့အသက်များ – ဘင်္ဂလားဒေ့ရှ်နိုင်ငံက […]

မြန်မာစစ်ရေးပဋိပက္ခ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်စွက်ဖက်မှု “မေးမြန်းခန်း”

စစ်ရေးအောင်မြင်မှုရတဲ့ ကချင်လွတ်မြောက်ရေးတပ် KIO/KIA ကို တာဝန်ရှိသူအဖြစ် တရုတ်က ညှိနှိုင်းရသလို အာရက္ခတပ်တော် AA ကလည်း တရုတ်အတွက် အရေးပါတဲ့ စစ်တွေနဲ့ ကျောက်ဖြူတို့ကြောင့် ညှိနှိုင်းမှု လုပ်ရနိုင်တယ်လို့ CSIS အာရှဒေသ သုတေသီ Michael Martin က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။ Source link

"AA နဲ့ KIA အပေါ် တရုတ်ဖိအား အကန့်အသတ်ရှိ" သုတေသီတွေယူဆ

တိုင်းရင်းသား အဖွဲ့တွေ အပေါ် တရုတ်နိုင်ငံရဲ့ဖိအားက အမြင့်ဆုံး အဆင့် ကျရောက်နေပေမယ့် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် သက်ရောက်မှုမှာတော့ အကန့်အသတ်ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ဗွီအိုအေကို ပြောပါတယ်။ Source link

မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တရုတ်ဖိအား “မေးမြန်းခန်း”

TNLA တအာင်းတပ်က ငြိမ်းချမ်းရေး ပြောဆိုလာတာက တရုတ်ဖိအားနဲ့ စစ်ကောင်စီကို ရင်ဆိုင်ရမယ့် အခြေအနေမှာ နည်းပရိယာယ် ခြေလှမ်းသစ်အဖြစ် နိုင်ငံရေးအကဲခတ်တဦးက သုံးသပ်လိုက် ပါတယ်။ တရုတ်ရဲ့ ဖိအားက စစ်ကောင်စီအပေါ်မှာလည်း ကျရောက်နေတယ်လို့ နောက်ထပ် လေ့လာသူက ထောက်ပြပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။ Source link

ရုရှားနှင့် တရုတ်သို့ အလုပ်သမား ဦးစားပေးစေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ   – Myanmar Now

နိုင်ငံတကာအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းခံထားရသည့် စစ်ကောင်စီသည် ၎င်းနှင့် ပြေလည်သည့် ဆက်ဆံရေးရှိသော တရုတ်နှင့် ရုရှားနိုင်ငံများသို့ အလုပ်သမား စေလွှတ်နိုင်ရန် စီစဉ်နေသည်ဟု စုံစမ်းသိရှိရသည်။  ယခုနှစ်လယ်ပိုင်းတွင်  တရုတ်နိုင်ငံသို့  ရှေ့ပြေးအစီစဉ်အဖြစ် အလုပ်သမားများ စတင်စေလွှတ်ခဲ့ပြီး ရုရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေးအတွက်လည်း စစ်ကောင်စီနှင့် နီးစပ်သည့် အေဂျင်စီ နှစ်ခုက ကြိုးပမ်းနေသည်၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်နေသည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရုရှားမှာလည်း အလုပ်ကောင်းတယ်ပြောတာရှိတော့ ကုမ္ပဏီတချို့ ကြိုးစားနေပေမယ့် သူတို့နဲ့(စစ်တပ်နဲ့) အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေပဲ ပိုများတယ်” ဟု ၎င်းက ပြောသည်။ “ရုရှားကိုက မိတ်ဖက်နိုင်ငံလို့သဘောထားတော့ ရုရှားကို များများပို့စေချင်တာပေါ့၊ သူတို့မိတ်ဖက်က ဒီနှစ်နိုင်ငံပဲ ရှိတာကိုး”  စစ်တပ်အာဏာမသိမ်းမီ ရုရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းမရှိပေ။ ယခုနှစ်လယ်ပိုင်းတွင် […]