မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်း၏ အနှစ်သာရများနှင့် ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်များ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတော့မည့်အချိန်တွင် ကမ္ဘာသို့ကြေညာရန် စာတမ်းတစ်စောင် လိုအပ်လာသည်။ ထိုစာတမ်းကို စာပေပညာရှင်များဖြစ်ကြသည့် စာရေးဆရာ ဆရာကြီးဇော်ဂျီ (ဦးသိန်းဟန်)၊ ဆရာကြီးမင်းသုဝဏ်(ဦးဝန်)၊ ဆရာကြီးတက်တိုး(ဦးအုန်းဖေ)၊ ဆရာကြီးဇေယျ(ဦးယော)၊ ဆရာကြီးတင့်တယ်(ဦးဝင်းစိန်)တို့က ပြုစုကြရသည်။ ပြုစုပြီးမြန်မာမူစာတမ်းကို ပညာရှင်များဖြစ်ကြ သည့်ဦးသန့်(နောင်-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်)၊ စာရေးဆရာ ဦးခင်မောင်(တောသား)၊ ဦးခင်ဇော်(ကေ)နှင့် ဒေါက်တာမောင်မောင်(နောင်-သမ္မတ)တို့အား အင်္ဂလိပ်ဘာသာပြန်ဆိုရန် တာဝန်ပေးခဲ့သည်။ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတည်သရွေ့ ခိုင်မာစွာတည်ရှိနေမည့် မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းတွင် အပိုဒ်ခြောက်ပိုဒ်ပါဝင်၍ လွတ်လပ်ရေး တိုက်ပွဲဝင်ခေါင်းဆောင်ကြီးများ၏ ထိုစဉ်က မျှော်မှန်းခဲ့သည့် လွတ်လပ်ရေး အနှစ်သာရကို နားလည်ခံစားနိုင်စေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ […]
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။ တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]