နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ကောင်စီရေတပ်ကဖမ်းလိုက်တဲ့ ထိုင်းငါးဖမ်းသမားလေးဦးအား ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း မြန်မာရေတပ်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ထိုင်းသတင်းများမှာ ဒီကနေ့ဖော်ပြခဲ့ကြသည်။ မြန်မာရေပိုင်နက်ထဲခိုးဝင်ပြီး မောင်းပြေးသည့်အတွက် ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က အဆိုပါသတင်းကို တုံ့ပြန်ထားသည်။ ထိုင်းလူမျိုးတဦးလည်း သေဆုံးသွားတဲ့ ထိုဖြစ်စဉ်မှာ လှုပ်လှုပ်ခတ်ခတ်ရှိခဲ့ပြီး အခုတော့ စစ်ကောင်စီလက်ထဲက ထိုင်းလေးဦး ထောင်ကျပြီဟု ထပ်မံသတင်းထွက်လာသည်။ တာ့ခရိုင်အနီးက အုန်းဖန်မှာဗုံးကွဲတော့လည်း လူသေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။ မြန်မာ့အရေးကို ဖာသိဖာသာနေခဲ့ကြသည့် အိမ်နီးချင်းများနိုင်ငံများတွင် ထိုင်းကအဓိကပါဝင်ပြီး ပေါပေါလောလောရရှိနေတဲ့ လူသားရင်းမြစ်များကို မြိန်မြိန်ကြီး ထိုင်သုံးစွဲခဲ့ကြသည်။ အခုတော့ စစ်ကောင်စီ ထင်ရာစိုင်း ရက်စက်ကြမ်းကြုတ်မှုတွေကို ထိုင်းလူမျိုးများပါ ကူးစက်ခံစားနေရသည့်အခြေအနေကို ဆိုက်ရောက်လာပြီဖြစ်သည်။ Continue Reading Source link
မြန်မာစစ်တပ်က ဖမ်းထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ရေးကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ရှိပြီး နှစ်သစ်ကူး အစောပိုင်းမှာ လွတ်လာနိုင်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra အရိပ်အမြွက် ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ရော၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးထားပြီး မြန်မာနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေတဲ့အတွက် ကြံ့ကြာနေတဲ့အကြောင်းနဲ့၊ ငါးဖမ်းသမား ၄ ယောက်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။ ထိုင်းငါးဖမ်းသမားတွေနဲ့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က […]