ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း – Myanmar Transparency News Source link
ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃၆၀ – ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ ရှိကြောင်း သိရသည်။ ” ပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းက ဈေးနဲ့ယှဉ်ရင် ထက်ဝက်လောက်ဈေးကျသွားတယ်။ အတတ်အကျမရှိ ဈေးငြိမ်သွားတာပေါ့။ အရောင်းအဝယ်ကလည်း သူ့ဟာနဲ့သူတော့ဖြစ်တယ်” ဟု ငွေကြေးလဲလှယ်လုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ […]
နေပြည်တော်၊ ဒီဇင်ဘာ ၃ နှစ်သစ်ကူးရုံးပိတ်ရက်များအပြီး ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ၂၀၂၅ ခုနှစ်အစတွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့် ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၂ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည်။ နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်းမှာလည်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ […]