ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်သန်း ၅၀ ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ်သန်း ၃၂၀ ကျော် ထုတ်ရောင်းထား – Myanmar Transparency News Source link
ဗဟိုဘဏ်မှ နိုဝင်ဘာလ (၁၉)ရက်တွင် ဒေါ်လာသန်း (၂၀) နှင့် ထိုင်းဘတ်သန်း (၁၀၀) ထပ်မံထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ် အနေဖြင့် ယခု ရောင်းချမှုအပါအဝင် နိုဝင်ဘာလအတွင်း ဒေါ်လာသန်း (၇၀) ကျော်နှင့် ထိုင်းဘတ် (၂၇၁) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် သီတင်းကျွတ်ကာလပြီးနောက်ပိုင်း စက်သုံးဆီနှင့် အခြားသွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိသည့်အ ပြင် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၁၉) ရက်အထိ (၃) လခွဲကျော်တွင် ဒေါ်လာ (၃၁၁) သန်းကျော်၊ ထိုင်းဘတ် (၁ ဒ သမ ၂) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄)သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။ ထို့ပြင် ယခု ၂၀၂၄ […]
ဗဟိုဘဏ်မှ ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ်သန်း ၁၀၀ ကျော်နှင့် တရုတ်ယွမ် ၁ သန်းခွဲ ထပ်မံထုတ်ရောင်း၍ သုံးလကျော်အတွင်း ဒေါ်လာ ၂၅၆ သန်းကျော်နှင့် ထိုင်းဘတ် ၁ ဘီလျံကျော်အထိ ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာ ၄ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် သွင်းကုန်အဓိက တင်သွင်းနေသည့် ထိုင်းနှင့် တရုတ်နိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေနိုင်မှု စနစ်ကိုပါ ဆောင်ရွက်ခဲ့ပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့သည်။ ထိုသို့ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ […]