မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးသည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ဇန်နဝါရီလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွှက်ကျေးရွာအုပ်စု၊ ဝမ်းစကင်းကျေးရွာအနီးတွင် ထိုင်းတပ်မတော်က ဖမ်းမိထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။#crd Source link
ထိုင်းနိုင်ငံ ယာလာပြည်နယ်မှ ဆမွတ်ဆခွန်သို့ ထွက်ခွာလာသည့် စင်းလုံးငှားဘတ်စ်ကားတစ်စီးသည် ဇန်နဝါရီ ၁ ရက်က ဆူရတ်ဌာနီပြည်နယ် ချိုင်ယာခရိုင်တွင် လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တို-က်မိခဲ့သောကြောင့် ခရီးသည် ငါးဦး ေ-သဆုံးကာ ၃၀ ဦး ဒဏ်ရာရခဲ့သည်။ ချိုင်ယာခရိုင် ပါဝီမြို့ရှိ ပါဝီလမ်းဆုံအနီး အမှတ် ၄၁ အဝေးပြေးလမ်းပေါ်တွင် ည ၇း၄၁ နာရီကာ ယာဉ်တို-က်မှုဖြစ်ခဲ့ခြင်းဟု ဆိုသည်။ ယာဉ်မောင်းသည် လမ်းမကျွမ်းကျင်သူဖြစ်နိုင်သည်ဟု ရဲက ယူဆပြီး Dee Mee Prom ဘတ်စ်ကားမှာ လမ်းကွေ့အရောက် မထိန်းနိုင်ခဲ့သဖြင့် တိမ်းမှေ-ာက်သွားကာ သစ်ပင်ကို ဝင်တို-က်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဘတ်စ်ကားပေါ်တွင် ခရီးသည်အပြည့်ပါဝင်လာခဲ့ပြီး နှစ်သစ်ကူး အားလပ်ရက် ၅ ရက်၏ နောက်ဆုံးနေ့အတွက် ယာလာပြည်နယ် Betong ခရိုင်ခရီးစဉ်ပြီးဆုံး၍ ဆမွတ်ဆခွန်သို့ ပြန်လာကြခြင်းဖြစ်သည်။ […]