မြန်မာစစ်တပ်က ဖမ်းထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ရေးကို လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ရှိပြီး နှစ်သစ်ကူး အစောပိုင်းမှာ လွတ်လာနိုင်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra အရိပ်အမြွက် ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ရော၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးထားပြီး မြန်မာနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေတဲ့အတွက် ကြံ့ကြာနေတဲ့အကြောင်းနဲ့၊ ငါးဖမ်းသမား ၄ ယောက်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။ ထိုင်းငါးဖမ်းသမားတွေနဲ့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့က […]