Skip to content ချီကာဂို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ခြေ လက် အင်္ဂါ ဖြတ်တောက်ထားရသူတွေ စိတ်နဲ့ ခြေ လက် အတုတွေကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ စက်ရုပ် ခြေ လက်ကို ဦးနှောက်ရဲ့ လှုံ့ဆောင်မှုနဲ့ပေါင်းစပ်ပြီး User တွေက ခြေ လက် အတုတွေကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ခြေ လက် အင်္ဂါ ဖြတ်တောက်ထားရသူတွေအတွက် အလွန်ကို အကျိုးရှိပါတယ်။ Brain-computer Interface ကို အသုံးပြုပြီး ဦးနှောက်မှာ ထည့်သွင်းထားတဲ့ သေးငယ်တဲ့ Electrodes တွေကြောင့် User တွေဟာ ထိတွေ့မှု ၊ ဖိအားကို အာရုံခံနိုင်ပြီး လှုပ်ရှားမှုတွေကို သဘာဝ ကျစွာ ပြုလုပ်နိုင်ပါတယ်။ […]
၁၃.၁.၂၀၂၅Translated by Htwe Ko Tun တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ် ရေးဒေသဖြစ်တဲ့ ဟောင်ကောင်ဒေသမှာ နာရီ ၂၀ ကြာလောင်ကျွမ်းခဲ့တဲ့ တောမီးကို ကောင်းစွာထိန်းသိမ်းနိုင်ပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ဇန်နဝါရီလ ၁၃ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို ဇန်နဝါရီလ ၁၂ ရက်၊ ညနေ ၄ နာရီ၅၁ မိနစ်မှာ စတင်တွေ့ရှိခဲ့တယ်လို့ သတင်းပို့ခဲ့တာ ပါ။ မီးက ဟောင်ကောင်ဒေသရဲ့ Lantau ကျွန်းပေါ်က တောင်ကုန်းတစ်ခုမှာ စတင်လောင်ကျွမ်းခဲ့တာပါ။ အဲဒီည ၁၀ နာရီမှာပဲ မီတာ ၁၀၀ နဲ့ မီတာ ၅၀ ရှိ မီးလောင်ကျွမ်းမှု နှစ်ခုကို ထပ်မံသတင်းရခဲ့ပြန်ပါတယ်။ တောမီးကို အစိုးရကဝေဟင်မှ ရေဗုံးတွေကြဲချပြီး ငြှိမ်းသတ်ခဲ့ပါတယ်။ […]