ylliX - Online Advertising Network

စစ်ကောင်စီနှင့် အပစ်ရပ်ကြေညာပြီးနောက် MNDAA ထိန်းချုပ်နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်ပေး

မြန်မာ-တရုတ်နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် တရုတ်အာဏာပိုင်များမှ ပြန်လည်ဖွင့်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီနှင့် တရားဝင် အပစ်အခတ် ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ပြီးနောက် (၇) လနီးပါး ပိတ်ထားခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ရှိ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များမှ ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်)တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “မနေ့က စပြီးတော့ ပန်ဆိုင်း-ဝမ်တိန်က တံတားဖွင့်ထားပြီ။ သူတို့ တရုတ်လို ကြေညာစာထဲမှာတော့ အချိန် (၁) လလို့ပဲ ရေးထားတယ်။ ဟင်းရွက်လို စားသောက်ကုန်တွေ တနိုင်တဆွဲ သယ်လာလို့ ရပြီ။ […]