ylliX - Online Advertising Network

စစ်သုံ့ပန်းများ ကွပ်မျက်မှု AA ဝန်ခံ၊ အလားတူ ထပ်မဖြစ်ရန် ကတိပေး – Myanmar Now

အာရက္ခတပ်တော် (AA) က  စစ်သုံ့ပန်း ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ခဲ့ပြီးနောက်တစ်နေ့တွင် ထိုတပ်ဖွဲ့၏  ပြောခွင့်ရပုဂ္ဂိုလ်က ထိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း  ဝန်ခံလိုက်ပြီး နောင်တွင် အလားတူဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများက သုံ့ပန်းအချို့ကို ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာပြီးနောက် AA ၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယခု ပေါက်ကြားလာသည် ရုပ်သံမှတ်တမ်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ  အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို တိုက်ခိုက်စဉ် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်ဟု  AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ AA တပ်ဖွဲ့ဝင်များသည် […]