ylliX - Online Advertising Network

ချင်း-မကွေးနယ်စပ်မှ ထီးလင်းမြို့ကို NUG  တပ်များ ထိုးစစ်ဆင်နေ

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်ရှိ ထီးလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတော်လှန်ရေးတပ်များက တနင်္လာနေ့ (ဒီဇင်ဘာ ၆) မှ စတင်ပြီး  ထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။  ဒီဇင်ဘာ ၃၁ မတိုင်မီ ထိုမြို့တွင်းမှ စစ်ကောင်စီလက်နက်ကိုင်များ လက်နက်ချရန်၊  မြို့တွင်းမှ အရပ်သားများ ထွက်ခွာရန် NUG ၏ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးထားကြောင်း၊ စစ်ကောင်စီကလည်း မြို့ခံများကို မြို့ထဲမှထွက်ခွာခွင့်ပြုခဲ့ပြီးနောက် စစ်ပွဲအရှိန်မြင့်လာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မြို့နယ် အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရဲစခန်း၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ ဘဏ် အစရှိသည့် စစ်ကောင်စီ လက်နက်ကိုင်တို့ တပ်စွဲထားသည့် နေရာများကို  ၆၀ မမ ဗုံးသီးများ ဒရုန်းတွင် တပ်ဆင်ပြီး ကြဲချခဲ့သလို ရော့ကတ် အလုံး ၅၀ ကျော် ဖြင့် […]