ylliX - Online Advertising Network

Overuse injuries အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာ » ဒေါက်တာစိုးလူကျော်

သင်သည် အားကစား၌ အလွန်ထူးချွန်လို၍ ပြင်းထန်စွာလေ့ကျင့်ရာမှာ နာကျင်မှုခံစားလာရပြီလား🥴 အလုပ်တခုခုကို နေ့စဉ် ထပ်ဖန်တလဲလဲ လုပ်နေရ၍ နာကျင်မှုခံစားလာရပြီလား🥺 👉Overuse injuries အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာဆိုတာဘာလဲ?အလွန်အကျွံသုံးခြင်းကြောင့် ရလာသော ထိခိုက်ဒဏ်ရာများသည် အားကစားသမားများနှင့် လူမှုဘဝ လုပ်ငန်းခွင် များတွင် ကြုံတွေ့နေရပါသည်။ လွန်ကဲစွာပြုကျင့်ခြင်း၊ တနည်းအားဖြင့် ထပ်တလဲလဲ ထိခိုက်မှုမှ ဒါဏ်ရာလေးများ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း စုမိဆောင်းမိလာရာမှ ဖြစ်ပေါ်လာတဲ့ တစ်ရှူးပျက်စီးမှုဖြစ်ပါသည်။ လုံလောက်စွာ ပြန်လည် နလန်ထူ စေရန် အချိန်ယူ၊ အနား မပေးဘဲ တစ်ရှူးများကို ထပ်တလဲလဲဖိအားပေး ခိုင်းစေခြင်းကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေဖြစ်ပါသည်။ 🕵️ဘယ်လိုဖြစ်လာရတာလဲ?ထပ်ဖန် တလဲလဲ ထိခိုက်မှုကြောင့် အရိုး၊ကြွက်သား၊အရွတ် စသည်တို့တွင် ဒါဏ်ရာသေးသေးလေးများ စုမိလာရာမှ ဖြစ်လာရသည်။သူရဲ့ဖြစ်ပုံဖြစ်နည်းကို ကတော့👉 “ထပ်ဖန် တလဲလဲ […]

အရွတ်၊အဆစ် အစိတ်အပိုင်းတွေရဲ့ကြားမှာကျောက်တည်ခြင်း Calcification » ဒေါက်တာစိုးလူကျော်

ရုတ်တရက် ပုခုံးအဆစ်က ပြင်းပြင်းထန်ထန်နာလာပြီး၊ လှုပ်မရ မြှောက်မရ၊ အိပ်လည်းမရဟု ဆေးခန်းကို ပြေးလာကြသည်များမကြာခဏ ကြုံလာရပြီး ရောဂါရှာဖွေရာတွင် ကျောက်အောင် နေသည်ကိုတွေ့ရတတ်ပါသည်။ကျောက်တည်နေတယ်ဟု ရှင်းပြလျှင် ဗိုက်ထဲမှာတည်တယ်ပဲကြားဖူးတာ အဆစ်တွေမှာလည်း တည်တယ်ပေါ့ဟု အံ့ဩနေကြသူများလည်း ကြုံဖူးပါသည်။ #ဘာကြောင့်ကျောက်တွေတည်ရသလဲ အဘယ့်ကြောင့် ကျောက်တွေတည်ရသလဲကို ရှင်းပြရပါက အရွတ်၊အဆစ်၊ အရည်အိတ် bursa၊ ကြွက်သား စသည့် အစိတ်အပိုင်းတွေရဲ့ကြား calcium hydroxyapatite လို့ခေါ်သော ထုံးဓါတ်ပစ္စည်းများ အနည်ကျလာရာမှ ဖြစ်လာပါသည်။ ပုခုံးတွင် အဖြစ်များတတ်သော်လည်း ခြေထောက် feet ၊ လက်ဖဝါး hands ၊ တင်ပါးဆုံ hips ၊ လည်ပင်းရိုး cervical spine စသည်တွင်လည်း အခြားအစိတ်အပိုင်းများထက် ဖြစ်ပွားမှုများသည်ဟု သိရပါသည်။ အသက် ၃၀ မှ […]

ပေါင်ရှေ့ကြွက်သားများ နှင့် ပေါင်နောက်ကြွက်သားများ မျှတ သော ကြွက်သား ခွန်အားအချိုး အရေးကြီးပုံ » ဒေါက်တာစိုးလူကျော်

Quad to Hamstring Ratio ကိုယ်ခန္ဒာရွေ့လျားမှုကို ထိန်းကြောင်းပေးနေသော အဓိကကြွက်သားများ ဖြစ်သည့် ပေါင်ရှေ့ကြွက်သားများ Quadriceps နှင့် ပေါင်နောက်ကြွက်သားများ  Hamstring မျှတ သော ကြွက်သား  ခွန်အားအချိုးကို ရအောင် လေ့ကျင့်ခြင်းသည် အားကစားသူများ၏ အကောင်းဆုံး စွမ်းဆောင်ရည် နှင့် ထိခိုက် မှု ကာကွယ်ရေး အတွက် အရေးကြီးလှပါသည် ။ ပေါင်ရှေ့ကြွက်သားများသည် ဒူးဆန့်ထုတ်၍ ကန်ထုတ်ခြင်း လုပ်ငန်းကို လုပ်ရသည်(ပေါင်နောက် ကြွက်သား တာဝန်ကဒူးကွေးရန်)၊ ပေါင်နောက် ကြွက်သားက ထိုအချိန်တွင် ဒူးတည်ငြိမ်မှုကို ထိန်းရသည်၊ ရှေ့ကကြွက်သားအားထုတ်မှုကို ထိန်းညှိရသည် ။ ရှေ့နောက် ပါဝါ မ ညီမျှ မှု  သည် အားကစား စွမ်းဆောင်ရည် ပျက်ရွင်းကာ ထိခိုက် ဒဏ်ရာ […]

ပုခုံး အရည်အိတ် ရောင်ခြင်း » ဒေါက်တာစိုးလူကျော်

ပုခုံး အရည်အိတ် ရောင်ခြင်း အကြောင်း အလွယ်တကူဖတ်ရှုနိုင်ရန်ပါDr Soe Luu KyawM.B.,B.SM.Med.Sc (Rehabilitation Medicine)M.Sc (Sport and Exercise Medicine, Cardiff/UK)Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)အရည်အိတ်ရောင်ခြင်း ကို ပုခုံးခဲခြင်းနှင့် မှားပြီး လက်လွှဲ လက်မြှောက် လေ့ကျင့်ခန်းများ ကိုလုပ်ကြလေ့ရှိသည်၊ ရောဂါ မသက်သာလာပဲ ပိုမိုပင်ဆိုးလာတတ်သည်၊ ထို့ကြောင့် ပုခုံးခဲခြင်းနှင့် ကွဲကွဲပြားပြား သိစေရန် ပညာရှင်များနှင့် စမ်းသပ်ခြင်း လိုအပ်သော ultrasound ရိုက်ခြင်း စသော ရောဂါရှာဖွေရေးများလုပ်သင့်ပါသည်၊ ပုခုံးခဲခြင်းကမူ လေ့ကျင့်ခန်းများ လုပ်မှ အမြန်မူလအခြေအနေ ပြန်ရောက်‌မှု ရှိသော်လည်း အရည်အိတ်ရောင်ခြင်း၊ အရွတ်ပြဲခြင်း၊ ကျောက်တည်ခြင်း တို့တွင်မူ သတ်မှတ်ထားသော လေ့ကျင့်ခန်း အချို့ကိုသာ ညွှန်ကြားချက်ဖြင့်လုပ်သင့်ပါသည်၊ […]

အားကစားပြိုင်ပွဲဝင်နေသောညီလေးညီမလေးတို့အတွက်ပြိုင်ပွဲဝင်နေစဉ်သတိထားစရာ » ဒေါက်တာစိုးလူကျော်

##ရေဓာတ်လုံလောက်ပါစေပြိုင်ပွဲကာလအတွင်း အားကစားသမားများအတွက် လုံလောက်သောအရည်များ သောက်သုံးမှုသည် အရေးကြီးပါသည်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် စွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဉီးနှောက်၏ လုပ်ဆောင်မှု ကျဆင်းခြင်းတို့ ဖြစ်စေနိုင်သည်။ အားကစားသမားများသည် ပွဲမစမီ၊ ကျင်းပချိန် နှင့် ပွဲအပြီးတွင် ပတ်ဝန်းကျင်အခြေအနေနှင့် တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ ပမာဏကို ချိန်ညှိကာ ရေကို စနစ်တကျသောက်သုံးသင့်သည်။(ကွမ်းငုံခြင်းက ရေဓါတ် ချို့ယွင်းစေနိုင်)#အဟာရပြည့်အောင်စားပါအကောင်းဆုံးသော အားကစားစွမ်းဆောင်ရည်အတွက် လိုအပ်သော စွမ်းအင်ကို ပေးဆောင်ရန် သင့်လျော်သောအာဟာရသည် မရှိမဖြစ်လိုအပ်ပါသည်။ အားကစားသမားများသည် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်၍ မျှတသော အစားအစာကို စားသုံးသင့်သည်။ ကာဗိုဟိုက်ဒရိတ်သည် ခံနိုင်ရည်အား၊စွမ်းအင် မြှင့်တင်ရန်အတွက် အထူးအရေးကြီးပြီး၊ ပရိုတင်းများသည် ကစား၍ ပျက်စီးသွားတတ်သော ကြွက်သားများ ပြုပြင်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။#သင့်ခန္ဓာကပြောနေသည်ကိုနားထောင်လိုက်ပါအားကစားသမားများသည် […]

လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလား » ဒေါက်တာစိုးလူကျော်

#လည်ပင်းအဆစ်စသည်များလှုပ်ရှားမှုသည့်အခါအသံမြည်နေပါသလားလည်ပင်း ၊အဆစ်များကို လှုပ်ရှားမှုသည့်အခါ တခါတရံ ဂျွတ်ဂျွတ် သို့မဟုတ် ဗျောက်ဗျောက် အသံမည်သည်ဟု ပြောလေ့ရှိပါသည်။ ထိုအသံသည် သင့်အဆစ်များပတ်ပတ် လည်ရှိ အရည်များတွင် နိုက်ထရိုဂျင် ဓာတ်ငွေ့ပူဖောင်းငယ်များကြောင့် ဖြစ်လေ့ရှိသည်။အဆစ်ကို လှုပ်ရှားလိုက်‌ သောအခါ ဒီပူဖောင်းတွေက အရွတ်အဆစ်နဲ့ ညပ်မိပြီး ပေါက်သွားပြီး အသံတွေ ထွက်လာနိုင်ပါသည်။ ပုံမှန်အားဖြင့် အန္တရာယ်ကင်းပြီး စိုးရိမ်စရာ မလိုပါ။ အသက်ကြီးလာသည် နှင့်အမျှ ပိုမိုကြားရ နိုင်လာစရာရှိသော်လည်း နာကျင်မှုမရှိလျင် စိုးရိမ်စရာမရှိပါ။ ဒေါက်တာစိုးလူကျော် M.B.,B.S,M.Med.Sc (Rehabilitation Medicine), M.Sc (Sport and Exercise Medicine, Cardiff/UK), Fellowship in Musculoskeletal ultrasound/NTUH Taiwan) အကြော၊အဆစ်၊ပြန်လည်သန်စွမ်းရေး၊အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကု၊ဇမ္ဗူ သီရိ […]

လက်ကောက်ဝတ်တွင်အရုံကြောညပ်ခြင်း » ဒေါက်တာစိုးလူကျော်

အိမ်အမှုကိစ္စလုပ်ရသော အမျိုးသမီးတချို့ ယောင်းမမွှေနေရင်း လက်ချောင်းများတွင် ဓါတ်လိုက်သလို ဖြစ်ပြီး လွတ်ကျတယ်၊ ညအိပ်ရင် လက်တွေ ထုံပြီး နိုးလာတယ် စသည်ဖြင့် ဆေးခန်းလာတတ်ပါသည်။ ဆုပ်ရတာ မကောင်းဘူး ၊ လက်အားနည်းပြီး လှုပ်ရှားရတာ လေးလာတယ် ဟုလည်း ပြောတတ်သေးသည်။ ဖြစ်ပွားနိုင်ပုံ Carpal tunnel syndrome (CTS) သည် လက်ကောက်ဝတ်ရှိ (Median Nerve) ဟုခေါ်သော အာရုံကြောအပေါ် ဖိအားကြောင့် သက်ရောက်မှုကြောင့် ဖြစ်တတ်သည်။ ထိုအာရုံကြောသည် carpal tunnel ဟုခေါ်သော လက်ကောက်ဝတ်ရှိ လှိုင်ခေါင်းကို ဖြတ်သန်းသွားသော တစ်ခုတည်းသော အာရုံကြောဖြစ်သည်။ ဘယ်လို ပုဂ္ဂိုလ်တွေ အဖြစ်များလည်း အမျိုးသမီးများသည် ၃ဆ အမျိုးသားများထက်ပို ဖြစ်ပွားတတ်သည်။စာရိုက်ခြင်း၊ ခုတ်ထစ်ခြင်း၊ အပ်ချုပ်ခြင်း၊တုန်ခါသောစက်များကို ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ […]

#တံတောင်နာကျင်ခြင်း » ဒေါက်တာစိုးလူကျော်

အခု နောက်ပိုင်း ဆေးခန်းကို တံတောင်ဆစ် အပြင်ပိုင်းကြွက်သား နာလို့ ကိုက်လို့ဆိုပြီး လာကြတဲ့လူနာတွေများလာပါတယ်။ပစ္စည်းတခုခု မြှောက်ရင် ၊ ဆုပ်ကိုင်ထားရင် (သို့) မနက်ဆိုရင် တံတောင်ဆစ်က တောင့်ပြီး ကိုက်ကိုက်နေတယ် စသည့် လက္ခဏာ များ ကို ပြောကြလေ့ရှိပါတယ်၊ တံတောင် အပြင်က ကြွက်သား(ပုံပါ) ကို ဖိစမ်းလိုက်ရင် အောင့်နာနာကြီးဖြစ်နေတာတွေ့ ရပါမယ်။ဒီရောဂါကိုတော့ တင်းနစ်သမား တံတောင်ဆစ်(#Tennis Elbow)ရောဂါ လို့ ခေါ်လေ့ရှိပါတယ်။ တင်းနစ် ကစားသမားတွေများ အဖြစ်များလေ့ရှိတာကြောင့် ယေဘူယျ ခေါ်တာဖြစ်ပြီး အပြု အမူ တခုခုကို ခဏခဏ လုပ်ရသူ ဥပမာ ဝက်အူလှည့် ခဏခဏလှည့်ရသူ၊တူထုရသူ၊ဓားခုတ်ရသူ၊ ဆေးသုတ်သူ ပန်းချီဆွဲသူ၊ ဂေါက်သီးရိုက် ပင်ပေါင် စသည့် ကစားသမားအချို့ ၊ အချိန် ကြာကြာ […]

လက်ချောင်းနာခြင်း » ဒေါက်တာစိုးလူကျော်

လက်ချောင်းနာခြင်း လက်ချောင်း တစ်ချောင်း သို့မဟုတ် လက်ချောင်း အချို့ ကွေးရင် နာပါတယ်၊ ကွေးပြီး ပြန်ဆန့်မရ ညပ်နေတယ်၊ ထောက်ခနဲထောက်ခနဲ ကွေးဆန့် လုပ်ရင် ဖြစ်နေတယ်ဟု ပြောလေ့ရှိသော Trigger finger/stenosing tenosynovitis သည် လက်ချောင်း၊ လက်မရှိ အရွတ်များ ရောင်ရမ်းခြင်း ပြသနာတခုခုကြောင့် ဖြစ်သည်။ အရွတ်တစ်ဝိုက်တွင် အကာအကွယ်ဖုံးအုပ်ထားသည့် အရွတ်အဖုံး သည် ရောင်ရမ်းခြင်း သို့မဟုတ် ထူလာသော အခြေအနေတွင်လည်း ဖြစ်တတ်သည်။အရွတ်သည် အကာအကွယ် အရွတ်အဖုံး ထဲတွင် ချောမွေ့စွာ မဖြတ်သန်းနိုင်ပဲ ညပ်နေ သော အနေ အထားဖြစ်ပါသည်။ လက်ချောင်း သို့မဟုတ် လက်မသည် ကွေးထားသော အနေအထားတွင် ညပ်နေပြီး မကြာခဏ နာကျင်မှုနှင့် မသက်မသာဖြစ်စေသည်။(သရုပ်ပြဗီဒီယိုတွင်ကြည့်ပါ) ဘာကြောင့်လဲ လက် […]

ACl ဒဏ်ရာ အန္တရာယ်များ » ဒေါက်တာစိုးလူကျော်

အဆင့်မြင့် အားကစားသမားများ ဒူးဒါဏ်ရာ တစ်ခုရပါက ACL (anterior cruciate ligament) ဟုသိကြသော ဒူးအတွင်းက အရွတ် ပြဲမည်၊ ပြတ်မည်ကိုကြောက်ကြသည်။အဘယ်ကြောင့်ဆိုသော် ပြန်ကစားရဖို့ ကြာတတ်သလို အချို့လည်း သူချစ်သော အားကစားကို စွန့်ခွာ သွားရသည် အထိရှိ ဖြစ်သည်ကို ကြားဖူးကြ၍ဖြစ်ပါသည်။ ACl ဒဏ်ရာများသည် ခုန်ရသော၊ ခုန်ချရသော၊ လှည့်ခြင်းများများလုပ်ရသော နှင့် ရုတ်တရက် အရှိန်သတ် ကစားရသော အားကစားနည်းများတွင် မကြာခဏ ဖြစ်တတ်သည် (ဥပမာ ဘောလုံး၊ ဘတ်စကတ်ဘော၊ ရပ်ဘီ၊ လက်ပစ်ဘော၊ ကျွမ်းဘား၊ စကိတ်၊ တင်းနစ်၊ ဘော်လီဘော )။ အရွတ်၏ ခန္ဓာဗေဒ ACL အရွတ် သည် ဒူးဆစ်ရှိ အဓိက အရွတ် လေးခုထဲမှ တစ်ခုဖြစ်သည်။ […]