(မိုးမခ) ဇန်နဝါရီ ၈ ၊ ၂၀၂၅ မြန်မာ့ နွေဦးတော်လှန်ရေးဟာ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းမျှော်ကြည့်ရင် မြင်နိုင်တဲ့ အခြေအနေသစ်ကို ရောက်ရှိပြီလို့ ဆိုနိုင်တယ်။ တနည်းအားဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ အချိန် နီးကပ်လာနေပြီလို့ ဆိုနိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ဟာ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၄၄ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း RFA သတင်းအရ သိရတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အဓိက ရှေ့တန်းစစ်မျက်နှာတွေဖြစ်တဲ့ မန္တလေးမြို့နားကို ရောက်ရှိလာပြီး နေပြည်တော်၊ ရန်ကုန်၊ တောင်ငူနဲ့ မိတ္ထီလာ စတဲ့ စစ်နယ်မြေတွေကို ပုံမှန် တိုက်ခိုက်လာနိုင်ပြီဖြစ်ကြောင်း NUG-ကာကွယ်ရေးဝန်ကြီးဌာနက ဆိုတယ်။ ဆက်လက်ပြီး […]
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ်ပဏာမအောင် အယောက် ၉၀ ကို ဒုတိယ အဆင့်အတွက် ရွေးချယ်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။ “ဒီနေ့ကတော့ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်မယ်အနေနဲ့ပါဝင်ဖို့ ပဏာမရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်လောင်း ၉၀ ဦးကို ဒုတိယအဆင့် ရွေးချယ်တာပါ။ ကနဦး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရွှေကြိုပြိုင်ပွဲဝင် ၃၀၀ ကနေ ပဏာမအဆင့် အောင်မြင်တဲ့ ၉၀ ဦးက ဒီနေ့ပြိုင်ပွဲမှာ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသရတာဖြစ်ပါတယ်။ ဒုတိယအဆင့်ပြီးရင် ထပ်ပြီး ရွေးချယ်သွားမှာပါ။ အဆင့်ဆင့်ရွေးချယ်ပြီးတော့မှ နောက်ဆုံးအဆင့်မှာ ရွှေကြိုမောင်မယ် ၂၀ ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်”လို့ […]
နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် (၈)ခုတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အဖြစ် ယနေ့ ဒီဇင်ဘာ(၁၁)ရက် နံနက်ပိုင်းက ထုတ်ပြန် အသိပေးထားသည်။ ဘင်္ဂလားပင်လယ်အော်အခြေအနေတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။ မိုးအခြေအနေမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ […]
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ဒုတိယ (၁၀)ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက် နေပြည်တော် နိုဝင်ဘာ ၁၁ ဘင်္ဂလားပင်လယ်အော် အခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။ မိုးရွာသွန်းနိုင်မှုအခြေအနေ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ အမြင့်ဆုံးအပူချိန်အခြေအနေ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၆၅ ဒီဂရီဖာရင်ဟိုက်မှ ၇၅ […]