ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီ တပ်တို့ ဇန်နဝါရီ ပထမပတ်မှစတင်၍ တိုက်ပွဲများဖြစ်နေရာ ဒေသတွင်း စစ်ရေးတင်းမာနေပြီး ဒေသခံ အများအပြား တိမ်းရှောင်နေကာ နာမည်ကျော် ကမ်းခြေများသို့ လူဝင်ရောက်မှု လျော့ကျသွားကြောင်း စုံစမ်းသိရှိရသည်။ အာရက္ခတပ်တော် (AA) သည် ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းများ ဖြစ်သော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယမန်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် မြို့နယ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲများသည် ရပ်တန့်မသွားဘဲ ဧရာဝတီတိုင်းတွင်ပါ ကူးစက်လာပြီး ယခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှ စ၍ ရွှေသောင်ယံမြို့မှ မိုင် ၂၀ ကျော်အကွာ ပုသိမ်မြို့နယ် […]