ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသစ် လက်ထက် အလားအလာရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အကြောင်း စ မေးချင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကို မျက်နှာသစ်တွေ ဝင်လာတော့မယ်။ ဒါက မြန်မာ့ အရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အလမ်းလား။ လာမယ့် ထရမ့် အစိုးရလက်ထက် မြန်မာ့အရေး ခေါင်းစဥ်အောက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံအပေါ် အမေရိကန်မူဝါဒ အပြောင်းအလဲဖြစ်ဖို့ မြင်ပါသလား။ Thomas Kean (ICG) ။ ။ ဒါဟာ အမေရိကန် ပြည်ထောင်စုအတွက် မြန်မာရေးရာမူဝါဒကို ပြန်လည်ပုံဖော်ဖို့ အခွင့်အလမ်း တရပ်ဆိုတဲ့ မှတ်ချက်ကို သဘောတူပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲ ရှိလာတဲ့အခါ […]
နှစ်စဥ် ရွေးနေကျ တိုင်းမ်း မဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူအဖြစ် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ကို ရွေးချယ်လိုက်ပါတယ်။ NBC ရုပ်မြင်သံကြားရဲ့ ကြာသပတေးနေ့မနက် တူဒေးရှိုးမှာ တိုင်းမ် အယ်ဒီတာချုပ် Sam Jacobs က ခုလို ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထရမ့်က သတင်းတွေအပေါ် သက်ရောက်မှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ Jacobs က ပြောပါတယ်။ ထရမ့် ဟာ တိုင်းမဂ္ဂဇင်းရဲ့ ၂၀၁၆ နှစ် တနှစ်တာ အထူးခြားဆုံးလူ လည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အထူးခြားဆုံးလူအဖြစ် ရွေးချယ်ရာမှာ ဒုတိယသမ္မတ ကင်မ်မလာ ဟဲရစ်စ်၊ X လူမှု စာမျက်နှာပိုင်ရှင် အီလွန် မာ့က်စ်၊ […]
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး အဖြစ် အဆိုပြုထားတဲ့ မာကိုရူဘီယိုဟာ မြန်မာ့အရေးကိုလည်း သိသူ ဖြစ်လို့ မြန်မာအရေး လှုံဆော်နေကြသူတွေကတော့ ဒီ ရွေးချယ်မှုကို ကြိုဆိုလိုက်ပေမယ့် ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒါကိုတော့ မေးခွန်းထုတ်ကြပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။ Source link
တရုတ်နိုင်ငံ အပေါ် သဘောတင်းမာသူ China Hawk အဖြစ် ထင်ရှားသူ ရူဘီယိုဟာ မြန်မာ့အရေးကိုလည်း သိသူ ဖြစ်လို့ မြန်မာအရေး လှုံဆော်နေကြတဲ့ အမေရိကန်-မြန်မာ အသိုက်အဝန်းကတော့ ဒီ ရွေးချယ်မှုကို ကြိုဆိုလိုက်ပေမယ့် ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒါကိုတော့ မေးခွန်းထုတ်ကြပါတယ်။ Source link