မောင်မောင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးကိုအဓိကစိုက်ပျိုးသော မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်း၍ စျေးကွက်ရှိသော စပါးမျိုးများအား ရွေးချယ်စိုက်ပျိုးသင့်လာပါသည်။ ယင်းမျိုးများထဲမှ ပေါ်ဆန်းအုပ်စုကို ထုတ်ကုန်အဖြစ် စိုက်ပျိုးရန် ပေါ်ဆန်းစျေးကွက်ကို ဈေးကွက်ဝင်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြည်တွင်းသာမက ပြည်ပအထိ တန်ဖိုးမြင့်ထုတ်ကုန်ဆန်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်လာပါသည်။ မြန်မာနိုင်ငံတွင် စပါးမျိုးသစ်ထုတ်လုပ်ရာတွင် ပြည်တွင်းဒေသမျိုးများရွေးချယ်ခြင်း၊ ပြည်ပမျိုး တင်သွင်းခြင်းနှင့်ရွေးချယ်ခြင်း၊ သမားရိုးကျ မျိုးကူးစပ်ရွေးချယ်ခြင်း၊ မော်လီကျုလာနည်းဖြင့် မွေးမြူရွေးချယ်ခြင်း၊ မျိုးထွန်းနည်းဖြင့် မွေးမြူရွေးချယ်ခြင်းနှင့် အပင်တစ်ရှူးနည်းဖြင့် မွေးမြူရွေးချယ်ခြင်း စသည့်နည်းလမ်းများဖြင့် ထုတ်လုပ်ကြကြောင်း သိရှိရပါသည်။ ၁၉၀၇ ခုနှစ်တွင် မှော်ဘီ၊ စစ်တွေနှင့် မန္တ လေးတို့တွင် ဗဟိုစိုက်ပျိုးရေးခြံများ စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒေသမျိုးများအား မျိုးသန့်မွေးမြူရွေးချယ်စုဆောင်းခြင်းများ ပြုလုပ်ကာ ငကျွဲ (D 25-4)၊ ပေါ်ဆန်းမွှေး […]