(မိုးမခ) ဇန်နဝါရီ ၃၀ ၊ ၂၀၂၅ ကျောပိုးအိတ်တလုံးနဲ့ လူတယောက်ရဲ့ အကြောင်း ပြန်ပြောင်းပြောရရင် ကုန်လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်…။ ဘယ်လိုမှ မေ့ဖျောက်ပစ်လို့ မရတဲ့ အဖြစ်အပျက်တွေက ပိတ်ဖြူစထက်က ပြကွက်လို တရေးရေးပြန်ပေါ်လာတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆ ပေ အမြင့်မှာ တည်ရှိတဲ့ တိုင်းရင်းသားဒေသ မြို့လေးမှာ ကျဆုံးခဲ့ပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့တုန်းက အဖြစ်အပျက်…။ ၂၀၀၇ ခုနှစ်ထဲ သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကြီး ဖြစ်ခဲ့သလို မှတ်မှတ်ရရ မြို့လေးက အာဇာနည်ကျောက်တိုင်မှာ ကိုယ်တိုင် ရေးထားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ကဗျာအတိုအစလေးကို သွားထားမိတဲ့ ၂၀၀၇ ခုနှစ်ထဲရဲ့ မနက်ခင်း…။ စစ်ဝတ်စုံ ဝတ်ထားတဲ့ လူ ငါးယောက်က လူငယ်လေးရဲ့ ကျောပိုးအိတ်လေးကို ဆွဲလုပြီး […]
(မိုးမခ) ဇန်နဝါရီ ၁၄ ၊ ၂၀၂၅ ကမ္ဘာမကြေစရာ အဖြစ်အပျက်တွေ ကြုံနေရတဲ့ နိုင်ငံတော်ကြီးမှာ… စစ်အာဏာရှင်တွေကို ကမ္ဘာမကြေတဲ့ နိုင်ငံတော်ကြီးမှာ… တရားမှု မတရားမှုဆိုတဲ့ လူ့အခြေခံအသိတောင် မရှိတော့တဲ့ အာဏာရှင်တွေရဲ့ ခိုင်းဖတ်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရက်တွေ စစ်ပွဲစက်ကွင်း မဟုတ်တဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ သွေးညှီနံ့တွေ ထောင်းထောင်းထစေတဲ့ စစ်လေယာဉ်တွေ စစ်လေယာဉ်တွေကို ငါ စားချင်တယ်…။ စာသင်ကျောင်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေ ဘာသာရေး အဆောက်အအုံတွေနဲ့ ဘုရားစေတီတွေ ဘုန်းတော်ကြီးကျောင်းတွေ မြို့တွေ ရွာတွေပေါ် ဗုံးကြဲချနေတဲ့ စစ်လေယာဉ်တွေ စစ်လေယာဉ်တွေကို ငါ စားချင်တယ်…။ ငါ့ ဝမ်းစာရဲ့ လိုအပ်ချက် ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်ခွေးတွေနဲ့ မိုက်သွေးကြွနေတဲ့ စစ်လေယာဉ်မှူးတွေ အပါအဝင် စစ်လေယာဉ်တွေကို […]