ylliX - Online Advertising Network

TNLA နယ်မြေ နောင်ချိုမြို့ကို လေတပ်က ၂ ရက်ဆက်ဗုံးကြဲ၊ ၉ ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်  လေတပ်က ၂ ရက်ဆက်တိုက်  ဗုံး ၂ လုံးစီ ကြဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။  ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး  လေယာဉ်က ဗုံးကြဲရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးသည်၊  ၁ ဦး  ဒဏ်ရာရသည်။  နေအိမ် ၂ လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။  ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဝန်းကျင်ကို  ဗုံးကြဲခဲ့သည်၊ ဒေသခံ ၁ ဦး […]

နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့် – သျှမ်းသံတော်ဆင့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုကို ပြန်ရပြီ။ နောင်ချိုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ စက်လက်နတ်တွေနဲ့ ပစ်ပြီး မြေပြင်တပ်ကို ဝင်ရောက်ထန်းချုပ်နိုင်ခဲ့ပြီလို့ သတင်းရရှိ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁,၇၀၀ ကျော်ပြီး ရွှေနေကြာချန်နယ်လ်အပြင် အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်လ်များပါ ဖြန့်ချိထားသည်။ ရွှေနေကြာ – https://archive.ph/VkOAa ဆက်စပ်သတင်းအမှားလင့်ခ် – https://t.me/YeYintH/71536 သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြထားသော အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ […]