၂၀၂၄၊ ဒီဇင်ဘာ ၇ ဥရောပသမဂ္ဂ ( အီးယူ) က ရုရှားနိုင်ငံကို ၁၅ ကြိမ်မြှောက် ပိတ်ဆို့မှု အသစ်တစ်ရပ် ချမှတ်ရန်အတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြိုတွင် အဖွဲ့ဝင်နိုင်ငံများ သောကြာနေ့က အစည်းအဝေးလုပ်ရာ အမည်မဖော်သော အဖွဲ့ဝင်၂ နိုင်ငံက မထောက်ခံခဲ့သဖြင့် ပိတ်ဆို့မှုအသစ်အဆို အထမမြောက်ခဲ့ကြောင်း သိရပါသည်။ ပိတ်ဆို့မှုအသစ်တွင် ရုရှားနိုင်ငံထုတ် ရေနံထွက်ပစ္စည်းများ ဖြစ်ရာ ဥရောပ နိုင်ငံအချို့မှာ အခြားရင်းမြစ်များမှ ရေနံထုတ်ပစ္စည်းများကို မရနိုင်သဖြင့် ရုရှားနိုင်ငံထုတ် ရေနံ ရင်းမြစ်များကိုသာသုံးစွဲနေရပါသည်။ ပြင်သစ် သတင်းဌာန ပေါ်လက်တီကိုတွင် ပိတ်ဆို့မှုအသစ်ကို မထောက်ခံသော နိုင်ငံများမှာ လက်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့ ဖြစ်ကြောင်းဖော်ပြထားသည်။ စလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ကလည်း ရုရှားမှာ ရေနံစိမ်းများဝယ်ယူပြီး ပြန်လည်သန့်စင်ကာ တိုင်ပြည် အတွက်လိုအပ်နေသော လောင်စာရင်းမြစ်ကို ဖန်တီးနေရသည်။ […]
၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ နိုဝင်ဘာ ၃၀ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက် မှစတင်၍ တရုတ်နိုင်ငံသားများကို နိုင်ငံ ၁၀ နိုင်ငံက သူတို့နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ၎င်းတို့မဟာမိတ်နိုင်ငံများနဲ့ ညှိနှိုင်းသဘောတူညီချက်တွေအရ ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်ကြောင်း သိရပါတယ်။ […]
မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ ရေးသား ပြီး ဗွီဒီယိုတခု Khit Thit Channel အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ “မလေးရှားဝန်ကြီးချုပ်အပါအဝင် (၂၅)နိုင်ငံမှ စစ်ခေါင်းဆောင် (၄)ဦးကို ၂၄ နာရီအတွင်း ဖမ်းဝရမ်း ထုတ်ပြီ စစ်ခေါင်းဆောင်တွေ လမ်းဆုံးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း […]