ylliX - Online Advertising Network

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများနှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဒီဇင်ဘာ ၂၉ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပပြီးသွားသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် ပြည်တွင်း၌ကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများ၊ အုပ်ချုပ်/နည်းပြများ အားကစားသမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးမှ မိမိတို့တိုင်းဒေသကြီးအနေဖြင့် မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား (၅)ဦး၊ […]

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာတော့မည့်  အမျိုးသား အားကစားပွဲတော်

  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာတော့မည့်  အမျိုးသား အားကစားပွဲတော်        ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်မှ  ၂၀ ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ   ဖွင့်ပွဲအခမ်းအနားကို   ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြသည်။  ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက်  ပြိုင်ပွဲများတွင် အားကစားနည်း ခြောက်မျိုး၊ အားကစားသမား  ၅၂၀၀ ကျော်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး၊ အားကစားသမား ၆၆၀၀ ကျော်ဖြင့်လည်းကောင်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း လေးမျိုးတွင် မသန်စွမ်းအားကစားသမား  ၁၄၀ ကျော်ဖြင့်လည်းကောင်း  ကျင်းပသွားမည်ဖြစ်ပြီး […]