ylliX - Online Advertising Network

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း – မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ–မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း – မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဧရိယာအတွင်း တရုတ် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းလေ-ာင်းကစားရုံများ၊ ဖျော်ဖြေရေးလုပ်ငန်းများ အမည်ခံလုပ်ဆောင်နေသည့် လုပ်ငန်းများတွင် တရားဝမင် လူမှေ-ာင်ခိုမှုများ၊ မူ-းယ-စ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ […]

ထိုင်းစစ်တပ်နှင့် UWSA အကြား နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီက ဆွေးနွေးမည်ဟု စစ်ကောင်စီပြော

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မီဒီယာများကို ဖြေကြားစဉ် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ “ဝ နဲ့ ဖြစ်နေတဲ့ကိစ္စ ဒီဟာက သီးခြားကိစ္စ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနဲ့ ထိုင်းကြားမှာ နယ်ခြားကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားတာ ရှိပါတယ်။ TBC ၊ RBC […]

မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူး တင်ဆက် ထားတဲ့ ပထမဦးဆုံး ပရဟိတဇာတ်လမ်းပုံစံ “မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ –

မြန်မာ-အမေရိကနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတင်ဆက်ထားတဲ့ ပထမဦးဆုံး ပရဟိတဇာတ်လမ်းပုံစံ “မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားရဲ့ မူရင်းပိုင်ရှင်ကတော့ မေရီကေရပ်ဖောင်ဒေးရှင်းတည်ထောင်သူ အန်တီမေရီကိုယ်တိုင် ရေးသားထားတဲ့ မူရင်းဝတ္ထု မေတ္တာကို အခြေခံပြီးတော့ ဇာတ်ညွှန်းမနွေးက ရေးသားပေးထားတာပါ။ သူတို့နှစ်ယောက်လုံးက မြန်မာပြည်မှာမွေးပြီး နိုင်ငံခြားမှာ ရှင်သန်ကြရတာဖြစ်တယ်။ ဒီဇာတ်လမ်းရဲ့ ကာရိုက်တာက အရမ်းထင်ဟပ်ပါတယ်။ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတွေလုပ်ဖြစ်ကြတယ်လေ။ အဲ့ပွဲအကြောင်းကို ရေးထားတဲ့ဇာတ်လေးပါ။ ဒီကားကိုကြည့်ရင် မြန်မာပြည်က ဇွဲရှိတဲ့ မိန်းမလေး ၄ ယောက်ရဲ့ အားစိုက်မှုကိုတွေ့ရမှာပါ”လို့ အကယ်ဒမီ ဒေါက်တာ ဂရေစ့်ဆွေဇင်ထိုက်က ပြောပါတယ်။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုကို အခြေခံပြီး မနွေးနွေးစိန်မြင့်က ဇာတ်ညွှန်းရေးသားခဲ့ပြီး ဒါရိုက်တာ Graham […]

နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်

(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့  တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက် စစ်ကေောင်စီ ခေါင်းဆောင် တရုတ်နိုင်ငံကကို ယခုလဆန်းမှာ သွားရောက်တဲ့ ခရီးစဥ်ပြီးနောက်မှာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့ လက္ခဏာအချို့ တွေ့လာရပါတယ်။ ရှမ်းမြောက်ဒေသက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိုမိုတင်းကျပ်စွာ ပိတ်ပင်လာတာတွေ တွေ့ ရသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသက ဆုံးရှုံးထားတဲ့ နယ်မြေ၊ မြို့တွေထဲက ဗျူဟာအရ အရေးပါဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ ပြင်ဆင်မှုတွေ လုပ်လာနေတာ တွေ့ရပါတယ်။  မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လမ်းကြောင်းအပြောင်းအလဲ ဖြစ်လာတဲ့ လက္ခဏာတွေကို ပြီးခဲ့တဲ့ သြဂုတ်လလယ်လောက်က […]

ပဉ္စမအကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ တတ်သိပညာရှင်များ ဖိုရမ်သို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက်

  ပဉ္စမအကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ တတ်သိပညာရှင်များ ဖိုရမ်သို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက်   နေပြည်တော်   နိုဝင်ဘာ   ၁      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲအစိုးရ၏ ဖိတ်ကြား ချက်အရ တယ်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပခဲ့သည့်  ပဉ္စမအကြိမ်မြောက် တရုတ် – မြန်မာ နှစ်နိုင်ငံတတ်သိပညာရှင်များ ဖိုရမ်သို့ တက်ရောက်ခဲ့သည်။  ဖိုရမ်ကို ၂၀၁၇ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံအကြား ပို့ဆောင်ဆက်သွယ်ရေး၊ စီးပွားရေး နှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဒုတိယဝန်ကြီးသည် အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ဖိုရမ်ဆွေးနွေးမှုအပိုင်းများတွင် […]