ylliX - Online Advertising Network

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ


လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း – မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ–မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။

ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း – မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဧရိယာအတွင်း တရုတ် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းလေ-ာင်းကစားရုံများ၊ ဖျော်ဖြေရေးလုပ်ငန်းများ အမည်ခံလုပ်ဆောင်နေသည့် လုပ်ငန်းများတွင် တရားဝမင် လူမှေ-ာင်ခိုမှုများ၊ မူ-းယ-စ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ အတင်းအဓ-မ္မအလုပ်-ခို-င်းစေမှုများနှင့် အွန်လိုင်းလိ–မ်လ-ည်မှုများကြောင့် နိုင်ငံတကာက အာရုံစိုက်မှု မြင့်တက်လာချိန်တွင် ယခုကဲ့သို့သဘော တူညီမှုရယူခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အမှုအခင်းများနှင့် ပတ်သက်၍ တရုတ်အစိုးရကလည်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ အတူတကွနှိမ်နှင်းသွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ဘေကျင်းတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုအတွင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားထားသည်။

ယခင်နှစ်များကပင် ဖြစ်ပွားနေသည့် အဆိုပါ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွား တရုတ်မင်းသားအပါအဝင် တရုတ်ဆယ်လီအချို့ပါ ထိုင်းနိုင်ငံမှတဆင့် မြန်မာဘက်ခြမ်းရှိ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများထံ လိ–မ်လ-ည်ပို့ဆောင်ခံရမှု ဖြစ်စဉ်အပြီး နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။

ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တရုတ်မင်းသားလူကု–န်ကူ–းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူပုဂ္ဂိုလ် (၁၂) ဦးကို ထိုင်းအစိုးရက ဖမ်းတီးစစ်ဆေးနေကြောင်း တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန် ထားသည်ကို တွေ့ရသည်။

အွန်လိုင်းလိ–မ်လ–ည်ရေး ဂိုဏ်းများသည် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်သည့်အတွက် ပိုမိုပူးပေါင်းနှိမ်နှင်းသွားရန် ဇန်နဝါရီ (၁၇) ရက်က ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – Bangkok post



Source link

Leave a Reply

Your email address will not be published. Required fields are marked *