ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲအား ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ ချာလီသန်း အစရှိသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက နှုတ်ခွန်းဆက်စကား ပြောကြားပြီး သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ […]
(၂၃-၁၁-၂၀၂၄ရက်၊ စိန့်ပီတာစဘတ်) ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီတို့ ပူးပေါင်း ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ယခုနှစ် နိုဝင်ဘာလ ၁၉-၂၀ ရက်များတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Myanmar Days in St. Petersburg အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ ပထမရက်ဖြစ်သည့် ၁၉-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းမှ စိန့်ပီတာစဘတ်အစိုးရတက္ကသိုလ် (SPbGU) နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ကျောင်းသားကျောင်းသူများအား Open Lecture တစ်ရပ် ပို့ချသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ […]
“ရင်ခုန်စရာများပြည့် KBZPAY 6 နှစ်ပြည့် မွေးနေ့ ” အစီအစဉ် စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ – KBZPay
၁။ KBZPay သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ အထိအား “ရင်ခုန်စရာများပြည့် KBZPAY 6 နှစ်ပြည့် မွေးနေ့” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။ ၂။ KBZPay Level 1.5 , Level 2 and Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ဤအစီအစဥ် တွင်ပါဝင်လိုသည့် KBZPay အသုံးပြုသူများအနေဖြင့် KBZPay အပ်ပလီကေး […]