ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအနီး စစ်ကူလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာ နှစ်ဘက် ထိခိုက်မှု ရှိသည်ဟု သိရသည်။ ဒီဇင်ဘာ ၃၀ မှ ဇန်နဝါရီ ၂ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်များက ရိက္ခာနှင့်စစ်ကူလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူပို့ရန်နှင့် လူနာ သယ်ရန်လာသော အင်အား ၁၅၀ ခန့်ပါ တပ်မ (၄၄ ) စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲဒုတိယနေ့ ညနေပိုင်းတွင် အဆိုပါစစ်ကြောင်း ပြန်ဆုတ်သွားကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် အနန်းကွင်းဗျူဟာစခန်းက ၈၁ မမ များဖြင့် ပစ်ခတ် ခုခံသည်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အခြေစိုက် အမှတ် (၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းက လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု […]