ylliX - Online Advertising Network

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေ

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထိူသို့ သိရခြင်း ဖြစ်သည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန် ကာလအားဖြင့် (၈)လသာ ကျန်တော့မည်ဖြစ်သည့်အတွက် ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများထက် ဆုတံဆိပ်များစွာကို ဂုဏ်သိက္ခာရှိစွာဖြင့် ထိုက်ထိုက်တန်တန် ပိုမိုရယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများ သုံးဦးသုံးဖလှယ် ဟန်ချက်ညီမှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် နောက်ဆုံး […]