ylliX - Online Advertising Network

အမြန်လမ်းပေါ်  နွားထိုးကြီး PDF တက်အပြီး လေတပ် ဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး  – Myanmar Now

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်  မန္တလေးတိုင်း ၊ နွားထိုးကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် များ တက်ရောက်စစ်ဆေးသည့် ဒီဇင်ဘာ ၂၃ တွင် စစ်ကောင်စီက ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့်  ကျေးလက်ဒေသခံ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ညနေပိုင်းတွင် မြို့အရှေ့တောင်ဘက်  ၈ မိုင်ခန့်အကွာ၊ အမြန်လမ်းမှ မိုင် ၂၀ ကျော်အကွာ  ဒေါင့်ဘိုးကျေးရွာကို တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  “မနေ့က ညနေ ၆ နာရီ ၂၀ ကျော်လောက်မှာ ပစ်သွားတာ၊ အိမ်ပေါ်တည့်တည့်ကို ချသွားတာ၊ အိမ်ရှင် အမျိုးသားကတော့ ခေါင်းပြတ်သွားတယ်” ဟု  ထိုအမျိုးသားက ပြောသည်။ […]

နွားထိုးကြီး ရဲစခန်းစခန်းဒရုန်းဗုံးချမှုနှင့်ပတ်သက်သည့် သတင်းမှား – PCT NEWS HOMEPAGE

ဖြစ်စဉ်အမှန်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးအနီးတွင် ဒရုန်းဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ကြောင်း မြေပြင်သတင်း သိရှိရပါတယ်။ အဆိုပါဖြစ်စဉ်ကို Khit Thit က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်စဉ်တစ်ခု၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖြစ်စဉ်တစ်ခုနဲ့ ဇဝေဇဝါကြားပြီး လုပ်ကြံရေးလိုက်တာ “ကြက်ကန်းဆန်အိုးတိုး” မလား ဆိုတဲ့အကွက်နဲ့ ပြီးတော့ထပ်ပြီး လိမ်လိုက်သေး ၂ ဦးဒဏ်ရာရတယ်၊ နောက်ရက်မှာတော့ ၅ ဦး သေတယ် ၃ ဦးဒဏ်ရာရတယ် ဆိုပြီး အောက်တန်းကျစွာ ရေးသားထားခြင်းဖြစ်ပါတယ်။ Source link