(၆-၁၂-၂၀၂၄ ရက်၊ နန်နင်း) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်တွင် နန်နင်းမြို့၌ ကျင်းပပြုလုပ်မည့် 2025 Guangxi “New Silk Road” New Year’s Eve E-commerce Festival အစီအစဉ်အတွက် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ နန်နင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း အား တွေ့ဆုံမေးမြန်းမှုကို ၆-၁၂-၂၀၂၄ ရက်တွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ထိုတွေ့ဆုံမေးမြန်းမှု၌ ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဒီဂျစ် တယ် စီးပွားရေးနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကွမ်ရှီးဒေသနှင့် အာဆီယံနိုင်ငံများအကြား အီလက်ထရောနစ်ကူးသန်းရောင်းဝယ် ရေးတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဖြေကြားခဲ့ကာ အီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေး ပလက်ဖောင်းများတွင် […]
(၂၂-၁၁-၂၀၂၄ ရက်၊ နန်နင်းမြို့) ၂၂-၁၁-၂၀၂၄ ရက်တွင် ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့ International Agricultural Products Trading Center ၌ ကျင်းပခဲ့သည့် The 2024 ASEAN–Hunan (Yongzhou) Famous and High-quality Products Trade Fair သို့ နန်နင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါကုန်စည်ပြပွဲကို ယုံကျိုးမြို့နယ်အစိုးရနှင့် ဟူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲသည် စုစုပေါင်းဧရိယာ (၃၀၀၀၀) စတုရန်းမီတာခန့် ကျယ်ဝန်းပြီး တရုတ်နှင့် အာဆီယံနိုင်ငံများဖြစ်သည့် လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ […]
(၂၉-၁၀-၂၀၂၄ ရက်၊ နန်နင်း) ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဟူနန်ပြည်နယ်၊ ကျူးကျို မြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS (Beidou Navigation Satellite System) Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ ကောင်စစ်ဝန်ချုပ်သည် ၂၄-၁၀-၂၀၂၄ ရက် နံနက်တွင် Zuzhou Exhibition Center ၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ဟူနန် CPC ပါတီဒုတိယအတွင်းရေးမှူး နှင့် ဟူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Mao Weiming၊ တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Chenggu၊ […]
နန်နင်း၊ အောက်တိုဘာ ၃၀ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဟူနန်ပြည်နယ်၊ ကျူးကျို မြို့၌ ကျင်းပခဲ့သည့် 3rd International Summit on BDS (Beidou Navigation Satellite System) Application သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ ပါဝင်တက်ရောက်ခဲ့သည်။ ကောင်စစ်ဝန်ချုပ်သည် ၂၄-၁၀-၂၀၂၄ ရက် နံနက်တွင် Zuzhou Exhibition Center ၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ဟူနန် CPC ပါတီဒုတိယအတွင်းရေးမှူး နှင့် ဟူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Mao Weiming၊ တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Chenggu၊ […]
(၂၂-၁၀-၂၀၂၄ ရက်၊နန်နင်း) နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၂၂-၁၀-၂၀၂၄ ရက်တွင် နန်နင်းမြို့ Guangxi Wharton International Hotel ၌ ကျင်းပခဲ့သည့် The 5th International Conference on Deepening ASEAN Cooperation of Agricultural Science and Technology သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်ကို Guangxi Academy of Agricultural Sciences(GXAAS)က ကြီးမှူး၍ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ၊ ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။ ကွန်ဖရင့်သို့ […]