ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး သရုပ်ပြစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ (Xinhua) Source link
နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်အတွင်း၌ အဆင့်မြင့်အိမ်ရာစီမံကိန်းအဖြစ် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဖော်ဆောင်သွားမည်ဟု သိရသည်။ ယင်းစီမံကိန်းကို နေရာ(၃)နေရာ၌ စီမံဆောင်ရွက်မည်ဖြစ်ပြီး ဇမ္ဗူသီရိမြိုနယ်၊ ပျဉ်းမနား-တောင်ညိုလမ်း အရှေ့ဘက် သုခတော်ဝင်အိမ်ရာ အနီးတွင် တစ်နေရာ၊ ပျဉ်းမနား – တောင်ညိုလမ်း အရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီး၌ တစ်နေရာနှင့် ဓနသိဒ္ဒိရပ်ကွက်၊ တော်ဝင်သီရိလမ်း အနောက်ဘက်တွင် တစ်နေရာ ဖော်ဆောင်မည် ဖြစ်သည်။ ထိုပြင် ယင်းစီမံကိန်းအဖြစ် မြေဧရိယာများ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်၊ကုမ္ပဏီများကိုလည်း စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တရားဝင်ဖိတ်ခေါ်ထားကြောင်း သိရသည်။ ထိုအဆိုပြုလွှာပုံစံကိုလည်း ဒီဇင်ဘာလ(၁၂)ရက်ကစကာ ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများ ပြသပြီး […]
စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်ရှိ အိမ်များကို လဆန်းပိုင်းတွင် ဧည့်စာရင်းဝင်စစ်သည့်နည်း ဖြင့် အိမ်တိုင်ရာရောက် စစ်သားသစ် စုဆောင်းနေသောကြောင့် လူငယ်အများအပြား တိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ပြောကြသည်။ ရခိုင်ပြည်နယ်နှင့် ကချင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီတပ်က အရေးတကြီးလိုအပ်သော စစ်သည်အင်အားအတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဆက်တိုက် ဖွင့်နေရာ စစ်သင်တန်းအပတ်စဉ် (၇) ပင် ရောက်ရှိနေပြီဖြစ်သည်။ ဒီဇင်ဘာ ၃ ရက် ည ၉ နာရီခန့်က ပျဉ်းမနားမြို့၊ ဈေးကုန်းရွာနှင့် သူဌေးကုန်းရွာတို့တွင် အသက် ၂၀ နှင့် ၃၀ အတွင်း အမျိုးသား ၅ ဦးကို စစ်မှုထမ်းသင်တန်းတက်စေရန်အတွက် အတင်းအကျပ် ခေါ်ဆောင်သွား သည် ဟု မျက်မြင်တွေ့သူများက ဆိုသည်။ “ဧည့်စာရင်းတွေ လာစစ်၊ မိသားစု […]
၂၇. ၁၁. ၂၀၂၄Written by Thettant ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူ အမျိုးသမီးတစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ မသမာသူများအနေဖြင့် လူမှုကွန်ရက် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan […]