သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီတံတားကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက် နေ့လည်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က နယ်မြေအငြင်းပွားမှုများကြောင့် တံတားကို အပြိုင်ပိတ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရွှေလီတံတားမှာကတော့ TNLA တွေရှိတယ်။ အဲ့တံတားကို ကျော်သွားပြီးရင် KIA တွေရှိတယ်။TNLA က တံတားမှာပိတ်တယ်၊ KIA က မန်ဟင်လုံရွာပိတ်ထားတာ။အခု၂ နာရီခွဲလောက်ထိတော့ သွားလားလို့ မရသေးဘူး။”ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ (ဇန်နဝါရီလ ၂၆) ရက်တွင် ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းရှိ (KIA) ၏ ဂိတ်စခန်းကို (TNLA) တပ်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရန် […]
ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊ စိုက်ပျိုးခြံမြေတွေအထိပါ ပြန်လည် တူးဖော်နေတယ်လို့ မချမ်းဘော ဒေသခံအမျိုးသားတစ်ဦး က KNG ကို ပြောပါတယ်။ “အဓိကတော့ မချမ်းဘောမြို့နယ်ထဲမှာ ပေါ့လေ။ အိမ်ခြံမြေ၊ လယ်ယာမြေ၊ စိုက်ပျိုးမြေ ပါသွားတယ် ဆိုတာကလည်း မြေယာပိုင်ရှင်တွေကိုက ရွှေလုပ်ငန်းရှင်တွေကို ရောင်းချပေးပြီး တူးနေတဲ့ အခြေအနေမှာ ဖြစ်တယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့်ကျေးရွာ နှစ်ခုမှာ ဖြစ်နေတယ်။ အိမ်ခြံမြေတို့ ဥယာဉ်ခြံတို့က တော်တော်လည်း ပါသွားပြီ။ အခုရွှေတူးဖော်တဲ့ စက်ယန္တရားတွေလည်း တော်တော်များတယ်”လို့ ပြောပါတယ်။ နမ်စဘွမ့် […]