လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ သင်တန်းသား/ သူများအား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Dec_2024 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး Source link
နေပြည်တော် ဒီဇင်ဘာ ၆ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း၌ ဧည့်ကြိုသင်တန်းတွင် ၁၀ ဦး၊ အိပ်ခန်းဆောင် သင်တန်းတွင် ၁၀ ဦး၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းတွင် ၁၀ ဦး၊ စုစုပေါင်း ၃၀ ဦး တို့အား နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများ အခမဲ့ထောက်ပံ့၍ ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ၂၀၂၄ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ရက်သတ္တ ၂၄ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး ဘဏ္ဍာနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့ထိ […]
နိုဝင်ဘာလ ၂၉ ရက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာရရှိသူ ကျောင်းသား၊ ကျောင်းသူ ၄၂၈ ဦးတို့အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနအသီးသီးတို့တွင် အလုပ်တာဝန်များ ခန့်အပ်ပေးခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် […]