ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် လေတပ်က ၂ ရက်ဆက်တိုက် ဗုံး ၂ လုံးစီ ကြဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး လေယာဉ်က ဗုံးကြဲရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးသည်၊ ၁ ဦး ဒဏ်ရာရသည်။ နေအိမ် ၂ လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဝန်းကျင်ကို ဗုံးကြဲခဲ့သည်၊ ဒေသခံ ၁ ဦး […]
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၄ KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ဖျက်သိမ်းကြောင်း KIA ကြေညာ မကြာသေးတဲ့ သီတင်းပတ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းယူထိန်းချုပ်လိုက်တဲ့ ကချင်ပြည်နယ် အရှေ့ပိုင်းက ကချင်အထူးဒေသ (၁) ကို ဖျက်သိမ်းလိုက်ကြောင်း KIA က နိုဝင်ဘာ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ “ယခင်စစ်အာဏာရှင် အစိုးရများမှ ၄င်းတို့အာဏာ ခိုင်မြဲစေရန် အတွက် ကချင် အထူးဒေသ (၁) ဟူ၍ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ပါသည်” လို့ ရေးသားဖော်ပြထားပြီး ယနေ့မှစ၍ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ […]