ylliX - Online Advertising Network

ဝ’ထိန်းချုပ်ဒေသမှတဆင့် MNDAA နယ်မြေသို့ ကုန်စည်စီးဆင်းမှုကို တရုတ်က ခွင့်ပြုလိုက် – သျှမ်းသံတော်ဆင့်

ငါးလနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဒေသအတွင်းသို့ ‘ဝ’တပ်ဖွဲ့ UWSA မှ ကုန်စီးဆင်းမှု ပြန်လည်ခွင့်ပြုပေးလိုက်ကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ညွှန်ကြားချက်ကြောင့် ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) မှ စတင်ပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဒေသဘက်သို့ ကုန်စည်ဖြတ်သန်းခွင့်ကို ဖောင်ဆိပ်တံတားမှ ပုံမှန်အတိုင်း ခွင့်ပြုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်း တည်ငြိမ်လာခြင်းကြောင့် လူနှင့် ယာဉ်ဖြတ်သန်းခွင့်အပြင် ဖောင်ဆိပ်တံတားမှ ကုန်စည်ပို့ဆောင်ခွင့် ထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးပြီး ပုံမှန်အတိုင်း ခွင့်ပြုလိုက်ကြောင်း UWSA ၏ ထုတ်ပြန်ကြေညာချက်တွင် ဆိုထားသည်။ “မှန်တယ်နော်၊ ကျနော်တို့ ဝပြည်နဲ့ ကိုးကန့်ပေါ့နော် ကုန်စည်စီးဆင်းမှုကို ခွင့်ပြုလိုက်ပါပြီနော်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ […]