ဟင်္သာတ၊ ဒီဇင်ဘာ ၁၆ ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေး ကွက်သို့ နိုဝင်ဘာလအတွင်း ပဲတီ စိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ အောက်တိုဘာလ အတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၄၀၀၀၀ သာ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှ ၃၀ ရက်ထိ ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဟင်္သာတမြို့ နယ်ကနေ ရန်ကုန် ဈေးကွက်ထဲကို နိုဝင်ဘာလထဲ မှာ […]
ညောင်တုန်းမြို့နယ်မှ ရန်ကုန်စေဈးကွက်သို့ နိုဝင်ဘာလအတွင်း အုန်းသီးအလုံး ၆၇၀၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ ညောင်တုန်း ဒီဇင်ဘာ ၁၂ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ အတွင်း အုန်းသီးအလုံး ၆၇၀၀၀၀ ခန့်တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်း မြို့နယ်၌ အုန်းသီးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်မြင့်အေး၏ ပြောပြ ချက်အရ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက် သို့ အောက်တိုဘာလက အုန်းသီးအလုံး ၄၅၀၀၀၀ ခန့်သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း အုန်းသီးအလုံး ၆၇၀၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့သည်။ ”ညောင်တုန်းမြို့နယ်ကနေ လယ်ယာ ထွက်ကုန်တွေရော ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်ကနေ […]
ဧရာဝတီတိုင်း ဒေသကြီးရှိ ဂေါ်ရင်ဂျီကျွန်းသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်း ခရီးသွားဧည့်သည် (၁,၂၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ ကျွန်းသို့ ရန်ကုန်၊ နေပြည်တော်ရှိ ခရီးသွားများမှ လာရောက်လည်ပတ်ကြသလို အနီးအနားရှိ မြို့နယ်များမှလည်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။ ခရီးသွားများ ညအိပ်တည်းခိုနိုင်ရန်အတွက် တည်းခိုခန်း (၆) လုံး၊ ဘန်ဂလို (၅) လုံး၊ ဟိုတယ် (၁) လုံးဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ငရုတ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၊ ကြွေချိုင်ကမ်းခြေ၊ နံသာပုကမ်းခြေ၊ စပါးထား ကမ်းခြေသို့ ခရီးသွားများစိတ်ဝင်တစားလည်ပတ်လျက်ရှိကြောင်း သိရသည်။ ဂေါ်ရန်ဂျီဒေသသည် ၂၀၁၅ ခုနှစ် အစပိုင်းမှ စတင်ကာ ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစား […]
အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် တအောင်းဒေသမှာ ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ရပြီး ၇၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ၁၃ […]