သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီလက်အောက်ခံနှင့် ပအိုဝ်းပြည်သူစစ် PNO တပ်ဖွဲ့သည် တပ်စွဲထားသည့် လွယ်ထွဲကျေးရွာကနေ နေ့တိုင်းလိုလို ထီစုံကျေးရွာကို ဒရုန်းဖြင့် လှန်းပစ်နေတာကြောင်း ၂၀၂၄ ခုနစ် ဇန်နဝါရီ မှ စပြီး ယခုနှစ် (၂၀၂၅ ဇန်နဝါရီ ၆)ရက်ထိ ပြည်သူနေအိမ်စုစုပေါင်း ၂၄လုံး ထိ ပျက်စီးနေပြီဟု ခွန်ရိန်းယံက ဆက်ပြောသည်။ “လွယ်ထွဲကျေးရွာကနေ […]
TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့နဲ့ ကျောက်မဲမြို့တွေမှာ နိုဝင်ဘာလ(၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၈ဦးသေဆုံးခဲ့ပြီး ၇၀ဦး ဒဏ်ရာရရှိကာ နေအိမ်၉၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆)ဦးသေဆုံးပြီး သံဃာ (၂)ပါး အပါအဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄၉)လုံးနဲ့ ကား(၈)စီး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ကို စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး […]
လန်ဒန်မြို့၊ Mayfair အရပ်သို့ ရောက်လျှင် ၁၈၀၀ ပြည့်လွန်နှောင်းပိုင်းကာလများက ဗြိတိန်ဝန်ကြီးချုပ် ဆာ ဝင်စတန်ချာချီ ကြီးပြင်းခဲ့သော နေအိမ်ကို တွေ့နိုင်သည်။ ယခုအခါ အဆိုပါနေအိမ် ပေါင် ၆ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ လန်ဒန်မြို့ ပျမ်းမျှအိမ်ဈေးထက် ၁၀ ဆခန့် ဈေးကြီးနေသည်။ Zoopla မှ အချက်အလက်များအရ လန်ဒန်မြို့၏ လက်ရှိ ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၆၈၇၀၄၆ ဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ Lord Randolph Churchill သည် ယခုအိမ်ကို ၁၈၇၄ ခုနှစ်၊ ဇန်နဝါရီမှ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ငှားရမ်းနေထိုင်ခဲ့သည်။ ဝင်စတန်ချာချီသည် အောက်စ်ဖို့ရှိုင်းယားခရိုင်၊ Woodstock တွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း Mayfair မှ အိမ်မှာ […]
လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းကျေးရွာက နေအိမ် ၁၅ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့် နေပြည်တော်၊ နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းကျေးရွာက နေအိမ် ၁၅ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒ ဖြန့်ချိလျက်ရှိသည်ကိုတွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ လက်ပံတန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ သော်လည်း ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်ရာ အနီးဝန်းကျင်ရှိ […]
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရိုးမအစပ်ရှိ စောပြာ၊ စိမ့်ကြီးကျေးရွာတို့မှ ဒေသခံများအား လုံခြုံရေးတပ်ဖွဲ့များက ဖယ်ရှားရွှေ့ပြောင်းခိုင်းခြင်း တစ်စုံတစ်ရာမရှိခဲ့ဘဲ DVB မှ တပ်မတော်သားများကို အများပြည်သူများ အထင်အမြင်လွဲ မုန်းတီးစေရန် တမင်ရည်ရွယ်၍ နေအိမ် ၂၀၀ နီးပါးက ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောင်းရွှေ့ခိုင်းနေတယ်ဆိုပြီး အောက်တန်းကျစွာ လုပ်ဇာတ်ဆင်၍ အပုပ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။ #Crd Related Source link