ylliX - Online Advertising Network

ဗြိတိန်ဝန်ကြီးချုပ် ၂ ဦး နေထိုင်ခဲ့သော နေအိမ် ပေါင် ၆,၅၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ – iMyanmarHouse.com


လန်ဒန်မြို့၊ Mayfair အရပ်သို့ ရောက်လျှင် ၁၈၀၀ ပြည့်လွန်နှောင်းပိုင်းကာလများက ဗြိတိန်ဝန်ကြီးချုပ် ဆာ ဝင်စတန်ချာချီ ကြီးပြင်းခဲ့သော နေအိမ်ကို တွေ့နိုင်သည်။

ယခုအခါ အဆိုပါနေအိမ် ပေါင် ၆ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ လန်ဒန်မြို့ ပျမ်းမျှအိမ်ဈေးထက် ၁၀ ဆခန့် ဈေးကြီးနေသည်။

Zoopla မှ အချက်အလက်များအရ လန်ဒန်မြို့၏ လက်ရှိ ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၆၈၇၀၄၆ ဖြစ်သည်။

သူ၏ဖခင်ဖြစ်သူ Lord Randolph Churchill သည် ယခုအိမ်ကို ၁၈၇၄ ခုနှစ်၊ ဇန်နဝါရီမှ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ငှားရမ်းနေထိုင်ခဲ့သည်။

ဝင်စတန်ချာချီသည် အောက်စ်ဖို့ရှိုင်းယားခရိုင်၊ Woodstock တွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း Mayfair မှ အိမ်မှာ ချာချီ၏ ကလေးဘဝတလျှောက် ၎င်းတို့မိသားစု၏ လန်ဒန်မြို့နေအိမ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ချာချီတို့ မိသားစုသည် အောက်စ်ဖို့ရှိုင်းယားတွင် အခြေချနေထိုင်သည်ဆိုလျှင် အဘယ်ကြောင့် လန်ဒန်မြို့တွင် နေအိမ်လိုအပ်သနည်း။

ချာချီ၏ ဖခင် Randolph သည် ၁၈၇၄ ခုနှစ်တွင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသောကြောင့် လွှတ်တော်နှင့်နီးသောနေရာတွင် မိသားစုအတွက် နေအိမ်လိုအပ်လာခြင်း ဖြစ်သည်။

(ဝင်စတန်ချာချီသည် အောက်စ်ဖို့ဒ်ရှိုင်းယားခရိုင်တွင် ၁၈၇၄ ခုနှစ်၌ မွေးဖွားသည်။ ဓာတ်ပုံ-Evening Standard/ Getty Images)

 

သို့သော် ချာချီ၏ ညီဖြစ်သူ Jack ၁၈၈၀ ပြည့်နှစ်တွင် မွေးဖွားလာသောအခါ မိသားစုအတွက် ပိုမိုကျယ်ဝန်းသော နေအိမ်လိုအပ်လာသဖြင့် ၂၉ လမ်း၊ James’s Place အဆောက်အအုံသို့ ပြောင်းရွှေ့ခဲ့သည်။

အဆိုပါ အဆောက်အအုံမှာ သမိုင်းဝင်အဖြစ် Grade II အဆင့် သတ်မှတ်ခံထားရသည်။

နောင်နှစ်ပေါင်းများစွာအကြာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဝင်စတန်ချာချီ ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် အခြေစိုက်နေထိုင်ခဲ့သောနေရာမှာ King Charles လမ်းရှိ အဆောက်အအုံတစ်ခုတွင် ဖြစ်ဖွယ်ရှိသည်။

(Wetherells အိမ်ခြံမြေကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခြင်းဖြစ်ပြီး ပေါင် ၆,၅၀၀,၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-WETHERELL)

 

(Portland ကျောက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်သည်။ ဓာတ်ပုံ-WETHERELL)

 

ဒေါ်ဆက်ခရိုင်၊ Portland ကျွန်းမှထွက်သော ထုံးကျောက်ဖြင့် အဆောက်အအုံတစ်ခုလုံးကို ဆောက်လုပ်ထားသည်။

အထက်အောက် ဆလိုက်ပြတင်း ၅ ခုပါဝင်သော ၃၇ ပေကျယ်သည့် အဝင်ခန်းမတစ်ခု ပါဝင်သည်။

ထိုအခန်းသည် အဆောက်အအုံတစ်ခုလုံးတွင် မျက်နှာကြက်အမြင့်မားဆုံးဖြစ်ပြီး မီးဖိုဆောင်၊ ကုတ်အင်္ကျီချွတ်ကာ ခေတ္တထားရှိသည့်အခန်း၊ master bedroom ၂ ခန်းရှိသည်။

ထိုနေရာဝန်းကျင်တွင် ဤအဆောက်အအုံမှာ တစ်ခုတည်းသော လူနေအဆောက်အအုံဖြစ်ပြီး ကျန်အဆောက်အအုံများတွင် Pret A Manger ကော်ဖီဆိုင်၊ Annabel’s နိုက်ကလပ်၊ Sexy Fish စားသောက်ဆိုင်တို့ အပါအဝင် စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။

ဤအိမ်ကို ၁၈၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဝင်စတန်ချာချီတို့ မိသားစုမတိုင်မီက Charles Grey ၏ နေအိမ်ဖြစ်ခဲ့သည်။

Charles Grey သည် ၁၈၃၀ မှ ၁၈၃၄ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(ထိုနေရာဝန်းကျင်တွင် တစ်ခုတည်းသော လူနေအဆောက်အအုံဖြစ်သည်။ ဓာတ်ပုံ-WETHERELL)

 

(ချာချီမိသားစုက ၁၈၇၄ မှ ၁၈၇၉ ခုနှစ်ကြား ငှားရမ်းနေထိုင်ခဲ့သည်။ ဓာတ်ပုံ-WETHERELL)

 

(၁၈၃၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-WETHERELL)

 

(Lord Randolph လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက် ချာချီတို့မိသားစု ယခုနေအိမ်ကို ငှားရမ်းနေထိုင်ခဲ့ကြသည်။ ဓာတ်ပုံ-WETHERELL)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the £6,500,000 stately townhouse where Britain’s most powerful man grew up (metro) Photo Credit- WETHERELL



Source link

Leave a Reply

Your email address will not be published. Required fields are marked *