ဆိုရီရေးစစ်ဆိုတာက autoimmune ရောဂါ တစ်ခုဖြစ်သလို နာတာရှည်အရေပြား ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆိုရီရေးစစ်က အရမ်းပြင်းထန်မယ်ဆိုရင် သေချာလေး ကုသမှု ခံယူဖို့ လိုအပ်တယ်ဆိုပေမယ့် အရမ်းမပြင်းထန်တာမျိုးဆိုရင်တော့ နေအိမ်မှာပဲ သေချာလေး ဂရုစိုက်ပေးရုံနဲ့ နေ့စဉ်ဘဝမှာ ထိခိုက်မှု ကင်းကင်းနဲ့ လုပ်ငန်းတွေကို ဂရုစိုက်နိုင်မှာပါ။ ဒီနေရာမှာ အရေးကြီးတာလေး တစ်ခုက ကိုယ်တိုင်ရဲ့ လက္ခဏာတွေကိုလည်း သေချာလေး သိဖို့လိုပါမယ်။ နေအိမ်မှာပဲ ဆိုရီရေးစစ် သက်သာစေဖို့ ဘယ်လိုလုပ်မလဲ! ဆိုရီရေးစစ်ဆိုတာက နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်သလို မကြာခဏဆိုသလို ပြန်လည်ခံစားရနိုင်တဲ့ autoimmune disorder တစ်ခုပါ။ လက္ခဏာ အနေနဲ့ မြင်သာအောင် ပြောပြရရင် အရေပြားမှာ ပန်းရောင် ဒါမှမဟုတ် အနီရောင်လေးတွေ ဖြစ်ပြီး အဖြူဖတ်ဖတ်လေးတွေ အရေပြားကွာတာမျိုး ရှိနိုင်ပါတယ်။ အသားညိုတဲ့သူတွေမှာဆိုရင်တော့ ခရမ်းရောင်ရင့်ရင့် […]