ylliX - Online Advertising Network

ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာများ | Ministry Of Information

အိအိဖြိုး ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကိုရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။ နိုင်ငံတကာတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများ ထုတ်လုပ်မှုကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှုအခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြေဆီလွှာအရည်အသွေးကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရေးမှာ အရေးကြီးလှပါသည်။ အပင်အာဟာရဓာတ် လုံလောက်မျှတစွာရနိုင်မှသာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးမြှင့်နိုင်မည် ဖြစ်ပါသည်။ နွားချေးနှင့် သစ်ဆွေးမြေဩဇာများသုံးစွဲခြင်း၊ သီးနှံရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ပြန်လည်ထည့်သွင်း ပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူတောင်သူများ အမြတ်အစွန်းရရှိနိုင်ရန်အတွက် […]