ylliX - Online Advertising Network

ယခုတစ်ပတ်ကစားမယ့် ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

ဘရန့်ဖို့ဒ် – မန်စီးတီး (ဗုဒ္ဓဟူး မနက် ၂ နာရီ)   ဘရန့်ဖို့ဒ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးလ်ပြီးနောက် ဒုတိယမြောက် အိမ်ကွင်း အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့အသင်းပါ။ ပြီးခဲ့တဲ့ရက်က အက်ဖ်အေဖလားပွဲစဉ်မှာလည်း အရန်ကစားသမား အများအပြားကို ပွဲထုတ်ခဲ့တာကြောင့် မန်စီးတီးကို အဓိက ကစားသမားအစုံအလင်နဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေမှာပါ။   မန်စီးတီးကလည်း အက်ဖ်အေဖလားပွဲမှာ ဆဲလ်ဖို့ဒ်စီးတီးကို ရှစ်ဂိုးအထိသွင်းပြီး တိုက်စစ်အစွမ်းပြထားသလို နောက်ဆုံး သုံးပွဲဆက်နိုင်ပွဲပြန်ရထားပြီဖြစ်လို့ ယုံကြည်မှုအားကောင်းနေနိုင်ပါတယ်။ ဘရန့်ဖို့ဒ်အနေနဲ့ အိမ်ကွင်းအားသာချက် ရှိတယ်ဆိုပေမဲ့ မန်စီးတီးဆီကနေ အမှတ်ခွဲယူဖို့ မလွယ်ပါဘူး။ မန်စီးတီးတို့ အဝေးကွင်းမှာ ကပ်ပြီး အနိုင်ရသွားပါလိမ့်မယ်။ ခန့်မှန်းချက် ဘရန့်ဖိုဒ့် ၀-၁ မန်စီးတီး   **************************************** ချဲလ်ဆီး – ဘုန်းမောက် (ဗုဒ္ဓဟူး မနက် […]

ဥရောပထိပ်တန်းလိဂ်ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

အက်စတွန်ဗီလာ – မန်စီးတီး (စနေနေ့ည ၇ နာရီ) ဗီလာအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ခြေစွမ်းပြန်လည် တည်ငြိမ်လာတယ်လို့ ဆိုရမှာပါ။ လက်ရှိ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ က မန်စီးတီးနဲ့ ၂ မှတ်သာ ကွာတဲ့အခြေအနေဖြစ်လို့ ဒီပွဲသာ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မန်စီးတီးရဲ့အပေါ်မှာ ရပ်တည်နိုင်မှာပါ။ ချန်ပီယံလိဂ်မှာလည်း အဆင့် ၅ မှာရပ်တည်နေနိုင်တဲ့ ဗီလာအတွက်က အိမ်ကွင်းမှာ ဖိအားမရှိဘဲ မန်စီးတီးကို ရင်ဆိုင်ရမှာပါ။ မန်စီးတီးကတော့ နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိတဲ့အခြေအနေဆိုးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာပါ။ နောက်ဆုံး ၂ ပွဲဆက်မှာ ဂျူဗင်တပ်စ်နဲ့ […]