ylliX - Online Advertising Network

ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ ရှိနေပြီးဖြစ်ကြောင်း ပင်တဂွန်ဆို

လက်ရှိတွင် အမေရိကန် စစ်မှုထမ်း ၂၀၀၀ ခန့် ဆီးရီးယားတွင် ရောက်ရှိတပ်ဖြန့်ထားကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုင်ဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခင်ကမူ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ သာရှိကြောင်း ပင်တဂွန်ကကြေညာခဲ့ဖူးသည်။ “ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ခန့် တပ်ဖြန့်ချထားကြောင်း ကျွန်တော်တို့ အရင်က သတင်းထုတ်ပြန်ခဲ့ဖူးပေမယ့်၊ တကယ်တော့ ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး ရှိနေတယ်ဆိုတာကို ဒီနေ့ ကျွန်တော် သိလိုက်ရတယ်”ဟု ပက်ထရစ်ရိုင်ဒါကပြောခြင်းဖြစ်သည်။ “ISIS တွေအတွက် စစ်ဆင်ရေးမှာ ဒီတပ်ဖွဲ့ဝင်တွေဟာ အာဆတ်အစိုးရ မပြုတ်ခင်ကတည်းက ရှိနေခဲ့တာပါ” ဟုလည်း သူက ဆက်ပြောသည်။ ပြောင်းရွှေ့မစ်ရှင်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ဖြန့်ကျက်ချထားသော ယာယီအလှည့်ကျတပ်ဖွဲ့များအဖြစ် ရိုင်ဒါက ဆိုထားပြီး အဓိကတပ်ဖွဲ့ဝင် ၉၀၀ ကိုမူ ရေရှည်တပ်ဖြန့်ထားဆဲဖြစ်သည်။ […]