ylliX - Online Advertising Network

ဗန်းမော်နှင့် မံစီ တိုက်ပွဲဆက်လက် ပြင်းထန် – သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကချင်ပြည် ဗန်းမော်နှင့် မံစီ ဒေသတွင် ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့နှင့် ယနေ့တွင် ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ အလောင်း၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပြောဆိုသည်။ “မနေ့က ဗန်းမော် လေယာဉ်ကွင်းနား ၂ မိုင်နဲ့ ၅ မိုင်မှာ တိုက်ပွဲဖြစ်တယ်။ မံစီ စစ်ကောင်စီတပ်ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်။ အလောင်းနဲ့ လက်နက် တချို့ရပါတယ်။ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲ ဆက်ဖြစ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ဗန်းမော်မြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်လိုက်ပြီ […]

ဗန်းမော်တွင် တိုက်ပွဲ ၂ ရက် အရှိန်လျော့ကျပြီးနောက် ပြန်လည် ပြင်းထန်

ကချင်ပြည်နယ်တောင်ပိုင်း တရုတ်−မြန်မာနယ်စပ်အနီးရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက  ယနေ့ (ဒီဇင်ဘာ ၁၆) နံနက်တွင် ထိုးစစ် အရှိန် တင်လိုက်ပြီး  စစ်ကောင်စီကလည်း လေတပ်အားပြုပြီး ခံစစ်ဆင်နေသည်ဟု သိရသည်။ ဒီဇင်ဘာ ၄ ရက်က စတင်သည့် ဗန်းမော်တိုက်ပွဲသည်  ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ခေတ္တရပ်တန့်သွားခဲ့ပြီး ယနေ့ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “တော်တော်လေး ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးသံတွေရော၊ လေယာဉ်တွေနဲ့ရော ချသွားတယ်။ မနက် ၇ နာရီခွဲကျော်လောက်က စဖြစ်ပြီး တဖြည်းဖြည်းပြင်းလာတာ။ ၉ နာရီကျော်လောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်တွင်  ခလရ(၂၃၆)၊ ခလရ(၄၇)၊ […]

ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ – Khit Thit Media

ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို အကြမ်းဖက်စစ် တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂ […]

ရခိုင်ပြည်နယ် အလယ်ပိုင်း တိုက်ပွဲ ပြင်းထန် 

ရခိုင်ပြည်နယ် တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ အမ်းမြို့နယ်တွင်းက စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကရော ရေကြောင်းကပါ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းအပြည့်စုံကို တင်ပြထားပါတယ်။ ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ်အတွင်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ လက်ကျန် တပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက် တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေတယ်လို့ AA ပြောခွင့်ရ […]

တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက် – Western News

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]