ylliX - Online Advertising Network
ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ - Khit Thit Media

ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ – Khit Thit Media


ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို အကြမ်းဖက်စစ် တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာတွင် မိသားစုဝင် ၃ ဦး သည် ၎င်းတို့ ပိုင်ဆိုင်သော ပြောင်းခြံအတွင်း ပြောင်းချိုးနေစဉ် အကြမ်းဖက် စစ်ကောင်စီနှင့် လက် အောက်ခံ PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူ မနန်းထွေးတို့ နေရာတွင် သေဆုံးခဲ့ပြီး ကလေးငယ်၏ ဖခင်ဖြစ်သူ ခွန်ငယ်လေးမှာ ခန္ဓာကိုယ်အနှံ့ ဗုံး စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီမနက် ၁၀ နာရီမှာဖြစ်သွားတာပါ၊ ကျနော်တို့စုံစမ်းမှုအရတော့ အနောက်ဘက်မှာရှိတဲ့ စစ်ကောင် စီနဲ့ PNO ပြည်သူ့စစ်တွေ အခြေချတဲ့နေရာကတက်လာတဲ့ ဒရုန်းက ပြောင်းခြံထဲမှာ ပြောင်းချိုးနေ တဲ့ ပြည်သူတွေကို ဗုံးကျဲပြီးတော့ တိုက်ခိုက်သွားတာ၊ အဲဒီမှာ အသက် ၂ နှစ်အရွယ် ကလေးနဲ့ ကလေးရဲ့ အမေကတော့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ကလေးရဲ့အဖေကတော့ခန္ဓာကိုယ့်အနှံ့ ဗုံးစ ထိမှန် ဒဏ်ရာရရှိထားပါတယ်။” PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များသည် ပအိုဝ်းဒေသကို စစ်ကြောင်းထိုးကာ ပအိုဝ်းကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခြင်း ၊ ပအိုဝ်းပြည်သူများ၏ နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ ပအိုဝ်းပြည်သူအား သတ် ဖြတ်ခြင်းများ အဆက်မပြတ် ပြုလုပ်လျက်ရှိပြီး ယင်းလုပ်ရပ်သည်အင်မတန်ရက်စက်ယုတ်မာသည့် လုပ်ရပ်ဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ဆက်လက် ပြောဆိုသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *