ylliX - Online Advertising Network

အသက်(၈၂)နှစ်အရွယ်အပါအဝင် ပြိုင်ပွဲဝင် (၁၁၆၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲ

ဗိုလ်တထောင်ခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တတိယအကြိမ်မြောက် Micro မာရသွန်ပြိုင်ပွဲသို့ အ သက်(၈၂)နှစ်အရွယ်အပါအဝင် ပြိုင်ပွဲဝင် (၁၁၆၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ တတိယအကြိမ်မြောက် Micro မာရသွန်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်၍ ဝန်ကြီးများရုံး၏ သိမ်ဖြူလမ်းဝင်ပေါက်(၁)နှင့် (၂)ကြားနေရာမှစကာ ပြိုင်ပွဲဝင်များအား ‌ေ-သနတ်ပစ်ဖောက်ပြီးတာလွတ်ပေးခဲ့သည်။ ပြိုင်ပွဲအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွန်ပံ့ပိုးမှုဖြင့် ဗိုလ်တထောင်မြို့နယ်၊ အ မှတ်(၉)ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အသက်(၈)နှစ်မှ(၁၂) နှစ်အထိ(အမျိုးသား/အမျိုးသမီး)၊ အသက်(၁၃) နှစ်မှ(၁၈)နှစ်အထိ(အမျိုးသား/အမျိုးသမီး)အ သက်(၁၈)နှစ်အထက်(အမျိုးသား/အမျိုးသမီး) ပွဲစဉ်များအဖြစ် ထည့်သွင်းယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။ ထိုသို့ ယှဉ်ပြိုင်စေပြီးနောက် တာဝန်ရှိသူများက အသက်အကြီးဆုံးပြိုင်ပွဲဝင်(၄)ဦးအနက် အသက်(၈၂ )နှစ်ရှိ ဒေါ်တင်ပုအား ငွေကျပ်(၂)သိန်း ၊ အသက်(၆၀)နှစ်နှင့်အထက် […]

ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများ

  ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများ   ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်- ဦးအောင်ကြည်ဝင်း ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး     ရှမ်းပြည်နယ်ကိုယ်စားပြု ဘတ်စကက်ဘောအသင်း ရွှေတံဆိပ်ဆုရတော့ ဝမ်းသာလို့မဆုံးပါဘူး။ ရှမ်းပြည်နယ်အောင်နိုင်ရေး ကော်မတီဝင်ဖြစ်တာနဲ့အညီ ရှမ်းပြည်နယ်အောင်နိုင်ရေး အတွက် အားကစားသမားတွေ အားရှိအောင်ဆိုပြီး ကစားနည်းမျိုးစုံလိုက်ပြီး လာရောက်အားပေး ချီးမြှောက်တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် ဘတ်စကက်ဘောအသင်းရော ရန်ကုန်အသင်းပါ လက်ရည်တူ၊ အရည်အချင်းတူတော့ တစ်မှတ်ရဖို့တောင် အတော်လေး ကြိုးစားရတယ်။ အမှတ်နည်းတဲ့အခါ နှလုံးရောဂါတောင်ရမလားလို့     အဲဒီလောက်ခံစားရတယ်။  နိုင်ငံတော်အစိုးရက   တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့ […]