ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိအညာပေး Talk Show ပြုလုပ် | Ministry Of Information Skip to main content Breadcrumb Home / ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိအညာပေး Talk Show ပြုလုပ် Source link
သျှမ်းပြည် ပင်လောင်းမြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ တပ်စွဲထားမှုကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပင်လောင်းမြို့နယ် အတွင်း စစ်ကောင်စီ၊ PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ညောင်ရွှေမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။ ထို့ကြောင့် လက်ရှိ စစ်ဘေးရှောင်များ၏ နေရပ်ဖြစ်သည့် ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါကျေးရွာတို့တွင် တိုက်ပွဲများငြိမ်းသက်နေပါသော် လည်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့သည် ကျေးရွာအတွင်း၌ နေရာယူထားသည့် အတွက်ကြောင့် ဒေသခံများ နေရပ်မပြန်ရဲ့သေးကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ကတော့ အိမ်မပြန်ရဲသေးဘူး။ စစ်ကောင်စီတွေက ရွာထဲမှာရှိနေတာ။အဝတ်တွေ တောင်ပြန် ယူလို့မရဘူး။ အခုပြေးလာတဲ့လူတွေ က […]
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်ပြန်ပြီး ခြံစဉ်နေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၁နာရီတွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိကြောင်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အိမ်ပြန်သွားတဲ့ အမျိုးသားတစ်ယောက် သူ့အိမ်နောက်ဖေးက ခြံထဲမှာ သန့်ရှင်းရေးလုပ်ရင်းနဲ့ မြေမြုပ်မိုင်းနင်းမိတာ။ သူခြေထောက်ကတော့ တော်တော်လေးထိသွားတယ်။ အခု အောင်ပန်းစစ်ဆေးရုံကို ပဲ ချက်ချင်းပို့ပေးတယ်။”ဟု ၎င်းကပြောသည်။ ပင်လောင်းစစ်ရှောင် အဆိုပါ မိုင်းနင်းမိသူသည် အသက် ၅၀အရွယ်ရှိ အမျိုးသားဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် […]
သျှမ်းပြည် ပင်လောင်းမြို့အတွင်း စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ တဖန် ပြန်လည် ပြင်းထန်လာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် တောင်ပိုင်း ဗန်းမောက်၊ ဆောင်လှန်၊လွယ်ဟိုဝိုး ကျေးရွာ တကြောတွင် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့သည် နိုဝင်ဘာလမှ စ၍ တိုက်ပွဲများ တဖန်ပြန်လည်ပြင်းထန်လာကြောင်း ပင်လောင်းမြို့နယ် အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲတွေက ပြန်ဖြစ်နေလာတာ ၃ ရက် ၄ ရက်ပဲရှိသေးတာ။ အဲ့ရှေ့ရက်တွေက ခဏရက်ပိုင်းလောက် ငြိမ်းသွားတာ။ အခုပြန်ဖြစ်တာက တော်တော်အခြေအနေဆိုးတယ်။ ရွာတွေလည်း မီးလောင်ကုန်တယ်။ လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ ပါပစ်နေကြတာပဲ။ လေယာဉ်တွေကတော့ နေ့တိုင်းမြင်နေရတာ”ဟု ပင်လောင်းမြို့နယ် အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက […]
သျှမ်းပြည်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်ရှိ ဗန်းမောက်ရွာတွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချခြင်းကြောင့် မိန်းကလေးတစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်)တွင် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ဗန်းမောက်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဗန်းမောက်ရွာရှိ ပြည်သူများ ထော်လာဂျီ၊ နှင့်စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်မှ ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “မနေ့က […]
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြည်သူ့စစ်တွေက လုံကန်ဈေးကို သွားလာတဲ့ ရွာဒေသခံနှစ်ယောက်ကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ကို ပိုက်ဆံတောင်းတာ သားအဖ နှစ်ယောက်ကို။ သိန်းနဲ့ချီ တောင်းတော့ သူတို့က မပေးတော့ သေနတ်နဲ့ပစ်တာ ဆိုင်ကယ်ဘီးထိပြီး သူတို့လူ ပြန်ထိတာ၊ အဲ့တာကို စိတ်တိုပြီး စစ်သားတွေက […]
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNO က စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ပထမပတ်မှစ၍ ပင်လောင်းမြို့နယ်တွင် နေရပ်ပြန်သွားသော ဒေသခံများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက် (၆၀) အတွင်း အမျိုးသားများကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားပြီး အချို့ကို ရွာအတွင်း၌ ကင်းစောင့်ခိုင်းနေကြောင်း အသက် (၄၀)နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြန်ချင်တယ် အိမ်ပြန်ကြည့်ချင်တယ်ဆိုရင် စစ်ထဲဝင်ပြီးတော့ ပြန်ရတယ်။ ပြီးတော့ သူတို့က ရှေ့တန်းသွားဖို့ ခေါ်ရင်လည်း တစ်ခါကို (၁၀) ယောက် မဲနှိုက်ပြီး ခေါ်တယ်။ ယောကျာ်းလေးတွေက (၁၆) နှစ်ကနေ (၆၀) […]