မျိုးမြတ်မိုး(MANA) မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ မီးလောင်မှုအများစုသည် လျှပ်စစ်မီး၊ ပေါ့ဆမီးနှင့် မီးဖိုမီးများဖြစ်သော်လည်း စက်ရုံ၊ အလုပ်ရုံ မီးလောင်မှုများ၊ လောင်စာဆီတင်သင်္ဘော မီးလောင်မှုနှင့် မော်တော်ယာဉ်မီးလောင်မှုများလည်း ဖြစ်ပွားခဲ့သည်။ လူတိုင်း၏ လက်တစ်ကမ်းအကွာတွင်ရှိနေသော မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။ မီးသည်သုံးတတ်လျှင် မိတ်ဆွေဖြစ်သော်လည်းမသုံးတတ်ပါက ရန်သူဖြစ်၍ လူခိုးလျှင်အစုတ်ကျန်၊ မီးခိုးလျှင်အပြုတ်နှံဟု ပြောဆိုလေ့ရှိသည်။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါးတွင်လည်း မီးဘေးအန္တရာယ်ကို ထည့်သွင်းသတ်မှတ်ထားကြသည်။ ယနေ့ကာလတွင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပြကြီးများ၌ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ်မြင့် လူနေအဆောက်အအုံများ၊ လူနေရပ်ကွက်အသစ်များ ပို၍များပြားလာသည်။ သို့ရာတွင် အိုးအိမ်အဆောက်အအုံများ နီးကပ်စွာတည်ဆောက်ထားခြင်း၊ လျှပ်စစ်ပစ္စည်းအသုံးပြုမှုများပြားခြင်း၊ မီးလောင်ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊ လောင်စာများကို ရပ်ကွက်များအတွင်း တရားမဝင်သိုလှောင်ရောင်းချခြင်းတို့ကြောင့် မီးလောင်မှုကို ပိုမိုဖြစ်ပွားစေနိုင်ပြီး […]