ပြင်ဦးလွင်ဒေသသည် ခရီးသွားဧည့်သည်အများအပြားလာရောက်အပန်းဖြေကြ၍ Green Zone Area များကိုမဖြစ်မနေအကောင်အထည်ဖော်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ဒေသသို့ ခရီးသွားဧည့်သည်အများအပြား လာရောက်အပန်းဖြေကြခြင်းသည် ဒေသ ၏သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု၊ အေးချမ်းမှုတို့ကြောင့်ဖြစ်ပြီး “အိမ်သာ၍ ဧည့်လာ”ခြင်းကြောင့် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်သည်ဟု ပြောသည်။ ” အဲဒါတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမှာဖြစ်သလို Green Zone Area တွေကိုလည်း မဖြစ်မနေအကောင်အထည်ဖော်သွားရပါမယ်။ နောက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို လာရောက်အပန်းဖြေကြမယ့်သူတွေများပြားနိုင်တာကြောင့် လိုအပ်တာတွေကို ပြည့်စုံအောင်ဆောင်ရွက်ပေးထားရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။ ထို့ပြင် အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာတစ်ခု ဖြစ်၍ […]