လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနား မြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်းတွင် မူကြိုကျောင်းသား/သူ(၁၀၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link