လာရောက်တွေ့ဆုံ ဆွေးနွေးတဲ့ ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကိုပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလွှတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။ “ပြတ်သားလိုက်တဲ့ ပြည်သူ့မိခင် ငါနဲ့လာမညှိနဲ့ ပြည်သူကိုတောင်းပန် ဒေါအောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးတဲ့ ရာပြည့်တို့အဖွဲ့ ပြည်သူကို ပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဟု ပြောလွှတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive […]
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်တာ စစ်သည် ၂ ဦးသေတယ်လို့ DVB မှ သတင်းအမှားရေးသားထားသည်။ -ဖြစ်စဉ်အမှန်>>>>> ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းတပ်နဲ့ PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိ PDF ၁ လောင်းနှင့် လက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသည်။ -DVB မှ ဖြစ်စဉ်အမှန်ဖော်ပြသလိုလိုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသေတယ်ဆိုပြီး အောက်တန်းကျစွာ ကြားညှပ်လိမ်ညာဖော်ပြရေးသားထားခြင်းဖြစ်ပါတယ်။ Source link
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အထွက်ရှိ စစ်ဆေးရေးဂိတ်ကို စနိုက်ပါနဲ့ပစ်တာ စစ်သည် ၁ ဦးသေတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေးသားထားပါတယ်။ ဖြစ်စဉ်အမှန်>>>>> ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့အထွက်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေစဉ် PDF များမှ ချောင်းမြောင်းရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသည်။ -မြေလတ်အသံမှ အများအထင်လွဲမှားအောင် ပြည်သူတွေရဲ့ ပစ္စည်းတွေကို လုယူနေတယ်ဆိုပြီး တမင်အပုတ်ချကာ လူအထင်ကြီးအောင် စနိုက်ပါနဲ့ ပစ်တာ စစ်သည် ၁ ဦးသေတယ်လို့ ဗြောင်လိမ်ရေးသားထားခြင်းဖြစ်ပါတယ်။ Source link