မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် ပြည်သူ့စစ်ဟန်ဆောင်ထားသော လက်နက်ကိုင်ဆောင်ထားသူ ၃ဦးသည် ကုန်စုံဆိုင် ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်)နေ့ ညနေပိုင်းတွင် မူဆယ်မြို့ ကောင်းမူးတုန်ရပ်ကွက် မီးသတ်ရုံအနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ကို ပြည်သူ့စစ်ဟန်ဆောင်ထားသော အမျိုးသား(၃)ဉီးသည် လက်နက်ကိုင်ပြီးဆိုင်ပိုင်ရှင် အမျိုးသမီး ကို ပြန်ပေးဆွဲသွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ” မနေ့က မင်္ဂလာမူဆယ်သွားလမ်း ကောင်မူးတုန်ရပ်ကွက် မီးသတ်ရုံး အနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဉီးကို ပြည်သူ့စစ်လို ဟန်ဆောင်ဝတ်ထားတဲ့ အမျိုးသား၃ဦးဝင်လာတယ်။ အစတော့ ပစ္စည်းဝယ်မယ်ထင်နေတာ နောက် သေနတ်ထုတ် လက်ထိပ်ခတ်ပြီးဆိုင်ရှင်ကို ခေါ်သွားတယ်။ ဘေးက ဝန်းထမ်းတွေကလည်း တော်တော်လေး ကြောက်သွားတယ်” ဟု ၎င်းက ပြောသည်။ ပြန်ပေးဆွဲခံရသည့် ဆိုင်ရှင်အမျိုးသမီးသည် လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း […]